part29

763 29 0
                                    

ရာရာနိုးလာတဲ့ထိ သူတို့ကပြောလို့မပြီးချေ။ဘာတွေများ အဲ့လောက်ပြောစရာများနေရပါလိမ့်။

"မောင် ဗိုက်ဆာပြီ"

ကုတင်ပေါ်ကဆင်းကာ ဆိုဖာမှာထိုင်လိုက်တယ်။

"နေ့သစ် နားမလည်သေးရင် ဇွဲမာန်ရှင်းပြလိမ့်မယ် မင်းရောက်တာလည်းကြာနေပြီ ထွက်သွားပါတော့"

နေ့သစ်မျက်နှာပျက်သွားလေပြီ။ ဟန်ဆောင်ပြုံးကာ ထွက်လာခဲ့တယ်။

ရှိန်လည်းအစက သူ့အသိစိတ်ဓာတ်သွားမယ်ထင်တာ ညနေစောင်းနေပြီ မထွက်သေးဘူး။ တေးသွားရှိလို့ပေါ့။တေးသွားမရှိရင် အခုချိန်ထိနေနေတာ လူတွေကဘာပြောမလဲ။ တေးသွားစိတ်ကွပ်မှာမလိုလားချေ။

"ဘာစားမလဲ မောင်မှာပေးမယ်"

ရာရာလည်း ထိုအခါမှ ခြေချိတ်ပြောင်းထိုင်ကာ

"မစားတော့ဘူး မေးချင်တာပဲရှိတယ်"

ရာရာဟာ စောနကနဲ့မတူ အလွန်စိတ်တိုနေတဲ့ပုံ။ ရှိန်သဘောပေါက်လိုက်ပြီ လရောင်တို့လှော်လိုက်မှန်း။

"ဟုတ်ပါပြီ မေးပါ"

ရာရာ့ဘေးထိုင်တော့ ရာရာကဘေးကိုတိုးသွားတယ်လေ။ ဘယ်လောက်ပဲစိတ်ဆိုးပါစေ တခါမှထိုသို့မပြုမူဘူးချေ။

" နေ့သစ်ကလက်ထောက်မှဟုတ်သေးရဲ့လား"

ရှိန် မျက်ခုံးတွန့်မိတယ်။ ဘာအဓိပ္ပာယ်လဲ။

"လက်ထောက်ပါပဲ ဘာဖြစ်လို့လဲတေးသွား"

"အော် လက်ထောက်နဲ့ ဒီလိုနေတယ်ပေါ့"

ရာရာ့ကို နေ့ခင်းက အမည်မသိသူ တစ်ယောက်ပုံတွေပို့လာတယ်။ ပုံထဲမှာ နမ်းနေတဲ့ပုံတွေ အိပ်ယာမှာ မြင်မကောင်းတဲ့ပုံ နောက်ဆုံး လက်ထက်ခွင့်တောင်းတဲ့ပုံရောပေါ့။

ရှိန်မျက်လုံးပြူးသွားတယ် တေးသွားဒါတွေဘယ်လိိုသိတာလဲ ဘယ်သူကပို့လိုက်တာလဲ။

"ဖြေလေမောင်!!"

"တေးသွား....ဒါတွေ....ကမောင်ရှင်းပြ...."

"ဦး သစ်အခန်းထဲမှာ ဦးအကျီကျန်ခဲ့လို့"

ရာရာ အံ့သြလို့မဆုံး ဘာအကျီကျန်ခဲ့တယ်။ ဟက် သစ္စာမရှိတဲ့ယောကျ်ား ယုံမိတဲ့ငါမှားတာ။

MY step-father son become my husband S1 (completed) Donde viven las historias. Descúbrelo ahora