part21

1.5K 45 4
                                    

အိန်ဂျယ်လ်တစ်ယောက် ဒီနေ့တွင်သူ့ရဲ့တစ်ဦးတည်းသော အကိုကလာမည်ဆို၍ မြန်မာထမင်းဟင်းတွေကို စားစေချင်တာနဲ့ ကိုယ်တိုင်မီးဖိုချောင်ကို၀င်ရတယ်။ သူတို့မောင်နှမတွေမဆုံဖြစ်တာ ရာရာအိမ်ထောင်ကျတည်းကပင်။ ဒီမှာဖြစ်ပျက်နေတဲ့ ကိစ္စတိုင်းကို ပြန်မပြောပေမဲ့ သိသင့်တယ်ဆိုတာတွေကိုပဲ သူပြောထားရတယ်။

အကိုဖြစ်သူ ပန်းသံချိုက ရာရာ့ကိစ္စနဲ့ပတ်သက်ရင် အရမ်းစိုးရိမ်တက်တဲ့လူမျိုးပင်။ သူသာကိစ္စတိုင်းကို ပြောပြလိုက်ရင် ခနခနဆေးရုံတင်နေရမှာ အမှန်ပဲ။
ဟင်းချက်နေရင်း အိန်ဂျယ်လ့်ရဲ့ အတွေးများသည် ဟိုအရင်အချိန်တွေကို ရောက်ရှိသွားတော့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က........

လူအမြင်အေးစေသော အပြာရောင်ဖြင့် တစ်အိမ်လုံးကို ဆေးသုတ်ထားတယ်။ ပန်းပင်တွေ အရိပ်ရအပင်တွေ အနည်းငယ်စိုက်ပျိူးထားတာကြောင့် ‌ပိုပြီးအေးချမ်းနေတော့သည်။

"သမီးငယ် ဟိုကောင်လေးရော"

ဆံပင်ကိုထုံးကာ ပါတိတ်အနီဝမ်းဆက်ကိုဝတ်ဆင်ပြီး ကြည့်လိုက်ရုံနဲ့ဂုဏ်ကျက်သရည်ရှိတဲ့အမျိုးသမီးပင်။ သူမနာမည်က' သွန်းမိုးခ 'တဲ့။

"ကိုကိုက အပြင်သွားတယ် မေမေရယ် ကိုကိုကအရွယ်ရောက်နေပါပြီ။ စိတ်ပူမနေနဲ့ ညနေမစောင်းခင် ပြန်လာမှာပါ"

"အမလေး ညည်းကပဲပြောရတယ်ရှိသေး အဲ့အရွယ်ရောက်လို့စိတ်ပူရတာပေါ့။ နိုင်ငံခြားကအဖေကိုကူမယ်မရှိဘူး။ တစ်နေ့တစ်နေ့ အပြင်တွေ မှိုလိုပေါက်အောင် ထွက်နေတာ"

ဒေါ်သွန်းမိုးခရဲ့လေယူလေသိမ်းဟာ ဒေါသသံမပါပေ။ သူမကနိုင်ငံခြားသားနဲ့ရတယ်ဆိုပေမဲ့ မြန်မာပြည်မှာသာနေဖြစ်တယ်။ သားတစ်ယောက်သမီးတစ်ယောက်ရှိတဲ့သူဘဝဟာ အလွန်ပြည့်စုံနေပြီ။ သမီးကတော့၁၀နှစ်ထဲက သူ့အဖေရှိတဲ့UKကိုပို့ထားကာ တက္ကသိုလ်အရွယ်မှာတော့  မြန်မာပြည်မှာပဲ ပညာသင်ယူခဲ့တယ်။

သမီးကိုလည်း လူကြီးချင်းသဘောတူတဲ့လူရှိတယ်။နှစ်ဖက်မိဘသဘောတူမှုနဲ့ စေ့စပ်ခဲ့ပေမဲ့ ခုထိလက်မထက်သေးဘူးလိုငြင်းနေကြသေးတယ်။

MY step-father son become my husband S1 (completed) Donde viven las historias. Descúbrelo ahora