part43ဇာတ်သိမ်းပိုင်း

2.6K 43 2
                                    

အေးချမ်းတိတ်ဆိတ်လွန်းတဲ့ ဒီနေရာ...။ဒီနေရာလေးကိုအရမ်းသဘောကျတယ်။ တချိန်ကအတူရီမောပျော်ရွှင်ခဲ့တာတွေ...ဆော့ကစားခဲ့တာတွေ...သတိရမိတယ်။သူထွက်သွားတဲ့နေ့က....ထိုနေ့ကသွေးစက်အရမ်းငိုခဲ့တယ်။အဲ့နောက်ပိုင်း...ဘာအကြောင်းရှိရှိ သွေးစက်မငိုတော့ဘူး။ သူပြန်လာခဲ့တယ် သွေးစက်သွားမတွေ့ခဲ့ဘူး။အဝေးကနေငေးခဲ့တယ်။ သူပေးခဲ့တဲ့စာကိုကြည့်ပြီး..သွေးစက်အမြဲပြုံးခဲ့တယ်။

ဒီနေရာလေးမှာ...သူတို့နောက်ဆုံးတွေ့ခဲ့ကြတယ်။ထိုအချိန်က...ဇမ်းအသက်၁၅နှစ်..သွေးစက်၁၉နှစ်..
ကန်တော်ကြီးထဲကအေးချမ်းပြီးလူသိပ်မသွားတဲ့တနေရာ။ သူတို့တွေ့ဆုံခဲ့တယ်။

ထိုနေ့က..........

သွေးစက်လေးဇမ်းရဲ့ချိန်းဆိုမှုနဲ့.....ကန်တော်ကြီးကိုလာခဲ့တယ်။..မြင်ရပါပြီ All black နဲ့ဇမ်းကို။ဘယ်အချိန်ပဲ ကြည့်ပါစေသူအမြဲတည်ကြည်ချောမောနေတယ်။သွေးစက်ခေါင်းကိုခါရမ်းပြီး ဇမ်းရှေ့ကိုလျှောက်ခဲ့တယ်။

"ဇမ်း....ငါရောက်ပြီ"

babyကအရင်နဲ့မတူတော့ချေ။ခုဆိုလူကြီးပေါက်စဆိုပဲ။သူ့ထက်အသက်ကြီးပေမဲ့ အရပ်ကျတော့သူ့ထက်ပင်ပုတယ်။ ဝတ်လာပုံကလည်း ပုဆိုးနဲ့။

"ကျတော်ပြောစရာရှိတယ်....ခင်ဗျားနားထောင်ပေးယုံပဲ..."

သွေးစက်ပြုံးမိသား...အရင်ကBabyခေါ်သူကခုတော့ခင်ဗျားတဲ့လား။သူ့သတင်းတွေကြားပါတယ် ဒီအရွယ်နဲ့ရည်းစားများတာတွေ night outထွက်တာတွေ။clubပေါင်းစုံတက်တာတွေ။

"အင်း...."

"ကျတော်USမသွားခင်ကပေးတဲ့စာရမှာပေါ့...."

"အင်း...ဖတ်လည်းဖတ်ပြီးပြီ"

"ကျတော်ဘာလို့လူဆိုးလုပ်နေလဲသိလား.."

"ဟင့်အင်း"

ဇမ်း...တဖက်ကိုလှည့်လိုက်တယ်။သွေးစက်ကိုကျောပေးလိုက်တယ်။

"ခင်ဗျားကိုအရင်ကခင်တွယ်ခဲ့တယ်....ဒါကငယ်စဥ်သံယောစဥ်လို့တွေးခဲ့တယ်...ဒါမဲ့...ကျတော်ခင်ဗျားကိုချစ်တယ်"

အေးစက်စွာပြောလိုက်တဲ့စကားတခွန်း။သွေးစက်ရင်ကိုနွေးသွားစေသလို....သိမ့်ခနဲတုန်သွားတယ်။

MY step-father son become my husband S1 (completed) Tahanan ng mga kuwento. Tumuklas ngayon