ရှိန်တယောက်တကယ်စိတ်ညစ်ရတယ်။နေ့သစ်ဆိုတဲ့ ကောင်လေးက သူ့အနားကပ်ကာ တအားနားပူနေတယ်။ အလုပ်လဲကောင်းကောင်းလုပ်၍ မရချေ။ ဒီပုံတိုင်းဆို သူသည်းခံနေ၍မဖြစ်တော့ချေ။
"နေ့သစ်! မင်း ငါ့အနားမှာမျော့လို တွယ်ကပ်မနေစမ်းနဲ့။ မင်းကို ငါဒီလောက်သည်းခံနေတယ်ဆိုတာ ဟိုလူ့မျက်နှာကြောင့်နော် ဒီထက်တော့လွန်မလာနဲ့။ မင်းနဲ့ငါဇာတ်လမ်းကလဲပြီးခဲ့တာကြာပြီ"
ရှိန်ကထိုသို့ပြောလာတော့ နေ့သစ်ရဲ့မျက်နှာဟာ ရုတ်ချည်းတန်ပျက်သွားတော့သည်။ သို့ပေမဲ့ ချက်ချင်းပင် ပြုံးလိုက်မိတော့သည်။ ရှိန့်အနားသို့လျှောက်သွားကာ ပခုံးပေါ်လက်တင်ရင်း.....။
"ဦးက သစ်ကိုအခုထိစိတ်ဆိုးနေသေးတာလားဟင်။ ဦး သစ်ကိုဘယ်လောက်ချစ်မှန်း သစ်သိတာပေါ့။အခုသစ်က ဦးဆီကိုပြန်လာနေပြီလေ။ ဘာလို့များ ငြင်းဆန်နေရတာလဲ"
"ဖယ်စမ်းပါ! ငါ မင်းကိုမြန်မာစကားနဲ့ လူလိုနားလည်အောင်ရှင်းပြနေတယ်မလား။ ငါအခုမင်းကိုမချစ်တော့ဘူးနေ့သစ်။ မင်းဆိုတဲ့ကောင်လေးက ငါ့စိတ် ငါ့ဘ၀ထဲမှာ မရှိတော့တာကြာပြီကွ! မင်းမနားလည်ဘူးလား"
ရှိန်ကလေသံကိုနဂိုထက်မာလိုက်ရင်း သူ့ပခုံးရှိလက်ကို ရိုက်ချလိုက်တယ်။နာသွားလည်းမတက်နိုင်။သူ့အနေနဲ့ သည်းခံနေတာလွန်လှပြီ။
"ဦး! သစ်ကိုအခုလိုခါးသီးပြနေစရာမလိုပါဘူး။ဟိုကောင်ကြောင့် ဦးက သစ်အပေါ်ကိုအခုလိုတွေလုပ်နေတာမလား! စိတ်ချ အဲကောင်ကိုဒီလောကထဲကနေ ထုတ်ပြမှာ!"
"နေ့သစ်!!! မင်းလုပ်ရဲသလား ငါ့လူကိုမင်းထိရဲသလား။ မင်းလုပ်ရဲလုပ်ကြည့်လိုက် မင်းအသက် ဘယ်နားကထွက်ရမှန်းမသိအောင် ငါကပြန်လုပ်ပြမဲ့ကောင်! မင်းထွက်သွား မင်းစောက်ခွက် မင်းရဲ့စောက်သံ ကုန်ကုန်ပြောမယ်! မင်းရဲ့အရိပ်ကိုတောင် ငါမမြင်ချင်ဘူး ဟေ့ကောင်!"
သူ့အားခါးခါးသီးသီးပြောနေတာကြောင့် နေ့သစ်တယောက် အံကိုခပ်တင်းတင်းကြိတ်ကာ ထွက်လာခဲ့တော့သည်။ 'ပန်းတာရာ'ဆိုတဲ့ကောင်က ဟိုအရင်တည်းက သူ့ကိုအကျိုးမပေးတာ အခုထိပဲ! လူ့လောကထဲ ရောက်မလာသင့်တဲ့အကောင်!
YOU ARE READING
MY step-father son become my husband S1 (completed)
Non-Fictionစာရေးသူရဲ့စိတ်ကူးသာဖြစ်သည်။ Starting Date- 8.2.2022 Ending Date- 28.4.2022