part30

916 32 2
                                    

၃ရက်ခန့်ကြာသော်........

ရာရာနိုးလာတော့ ရှိန်ကပြန်ရောက်နေပြီ။ ရာရာဒီတခါတကယ် စိတ်နာတယ်။အရင်ကဘယ်လိုပဲ ဖြစ်ခဲ့ပါစေ ရာရာစိတ်မကွက်ခဲ့ပါ။ ဒါမဲ့ကလေးရှိနေပြီလေ။ သူက...။

"တေးသွား.."

အခန်းထဲဝင်လာတော့ ရှိန်တစ်ယောက် ရာရာမှိုင်ကာ ငိုနေသည်ကိုတွေ့၍.....။

"တေးသွား ဘာလို့ငိုနေတာလဲကွာ"

" နာကျင်လို့ပါ ငါတကယ်မထင်ထားဘူး မင်းကတကယ်ကို ဟင့် ရှုပ်နေတာ"

"မဟုတ်ဘူး ဒါတွေကတေးသွားနဲ့ လက်မထက်ခင်ကပါကွာ သူနဲ့ခုရှင်းနေပါပြီ မောင်ကမင်းကိုပဲချစ်တာ"

ရာရာပါးပေါ်က မျက်ရည်တွေကိုသုတ်ကာ

"ရှင်းနေလို့ မင်းအကျီကသူ့အခန်းမှာကျန်တယ်ပေါ့ ငါမပြောချင်လို့ကြည့်နေတာ ငါ့နောက်ကွယ်မှာ မင်း...သူနဲ့ပလူးနေတာလေ"

"တေးသွား!!မောင့်ကိုမယုံတာလားဟမ်!!မင်းခုပြောနေတာဘာလဲသိလား!!"

"မအော်ပါနဲ့ ဒီမှာ မင်းကိုယုံခဲ့တယ် အေးငါဘယ်သူဘာပြောပြော မယုံခဲ့ဘူး ဒါမဲ့မင်းကိုမေးချိန်မှာ မင်းဘာလို့ နှုတ်ဆိတ်နေခဲ့လဲ"

"မောင်ပြောမယ် အဲ့ဓာတ်ပုံတွေ မင်းကိုဘယ်သူကပို့လဲမသိဘူး။ ဒါပေမဲ့ နေ့သစ် အခုမောင့်အနားမှာ ရှိတယ်ဆိုတာ အလုပ်ကိစ္စကြောင့်ပဲ။ သူ့အခန်းထဲ အင်္ကျီကျန်ခဲ့တာက.........
ကလေးကိုထောက်ပြီး ဒီမှာရပ်ရအောင်လေ"

"အဟက်! ဘာလို့စကားလမ်းကြောင်းလွှဲနေတာလဲမင်းသစ္စာဖောက်တာ တစ်ကြိမ်မကခဲ့ဘူးနော် အေးငါသည်းခံခဲ့တယ် အခုမှကလေးမျက်နှာထောက်ပါဆိုတော့ မင်းမလုပ်ခင်ကလည်း ကလေးမျက်နှာထောက်လေ"

ရှိန်တကယ်စိတ်မရှည်တော့ပါ။ချော့လည်းမရ ဘယ်လိုမှလည်းပြောမရပေ။ ဘေးမှာရှိရာ ပန်းအိုးကို ခွဲလိုက်တော့ ရာရာတုန်တက်သွားတယ်။

"မောင်ပြောနေတယ်လေကွာ ဘယ်လိုလုပ်မှကျေနပ်မှာလဲ"

"ကွာ ရှင်း ပေး"

တစ်လုံးချင်းဖိပြောလိုက်တယ်။သိုပေမဲ့ အတော်အားယူကာ ပြောလိုက်ရတယ်။ပြောတာနဲ့တပြိုင်နက် နှလုံးသားကတဆစ်ဆစ်နာကျင်ရတယ်။ သူအရင်က ချစ်တယ် တစ်ဖွဖွပြောနေသူဟာ တကယ်ရောစိတ်ထဲကပါရဲ့လား။

MY step-father son become my husband S1 (completed) Where stories live. Discover now