လွန်ခဲ့သော် နှစ်အနည်းငယ်ခန့်က
ဖြောင်း........!!!!
အားပြင်းလွန်းတဲ့ရိုက်ချက်ကြောင့်
ကိုကိုမြင့်ရဲ့ ခေါင်းဟာလည်ထွက်သွားတော့သည်။"သားမိုက်!! ကိုမြင့် မင်းကဒီမိသားစုကို အရှက်ခွဲတာလား"
"အဖေ ကျွန်တော်ချစ်တဲ့သူကိုရွေးချယ်မိတာ ကျွန်တော်မှားလား"
ခုဖြစ်နေတာက နန်းသဇင်ဆိုတဲ့ အမျိုးသမီးရဲ့စနက်ပေါ့။ကိုကိုမြင့်နဲ့ သီဟမောင် အကြောင်း အိမ်ကိုပြောလိုက်တော့ ဆူညံပွတ်လောရိုက်နေတယ်လေ။
ကိုကိုမြင့်က တစ်ဦးတည်းသော သားဆိုတော့ ယောကျာ်းတစ်ယောက်နဲ့ ချစ်ကြိုက်တာကို မိဘတွေက သဘောမတူချေ။ နောက်ပြီး သူတို့ရဲ့မျိုးရိုးထဲမှာလဲ အခုလိုလိင်တူချစ်ကြိုက်တဲ့မရှိတာမို့ အသိုင်းအ၀န်းကြား မျက်နှာငယ်အောင်လုပ်ရသလားဟု၍အကြီးအကျယ် စိတ်ဆိုးနေကြသည်။
ကိုကိုမြင့်နဲ့သီဟမောင်က တက္ကသိုလ်တည်းက ချစ်လာကြတာလေ။နန်းသဇင်ကလည်း ကိုကိုမြင့်ကို ကြိတ်ကြိုက်နေတာပင်။
နန်းသဇင် မိဘနဲ့ ကိုကိုမြင့်မိဘတွေက စီးပွားဖက်ဆိုတော့ သားသမီးတွေကို ထိမ်းမြားစေချင်ကြတယ်လေ။ကိုကိုမြင့်အမေ ဒေါ်ကျော့ကလျာကလဲ ငိုယိုနေတယ်။ သူတို့အမျိုးထဲမှာ အခုလိုလိင်တူချစ်ကြိုက်တာမရှိခဲ့ဖူးတာမို့ သူ(မ)အနေဖြင့် အရမ်းလဲရှက်မိပါတယ်။
"သားမြင့် အမေကိုသနားပါအုံးကွယ် အမေ့အသက်လည်း မငယ်တော့ဘူးသား အမေမြေးချီချင်သေးတယ်ကွယ်"
"အမေ သားနားလည်ပါတယ် ဒါမဲ့ကျွန်တော် သူ့ကိုချစ်တယ်။အမေတို့နားလည်ပေးလို့မရဘူးလားဗျာ"
"တိတ်စမ်း!! ဟေ့ကောင် သွားခုချက်ချင်းအခန်းထဲဝင် ခြေတလှမ်းတောင် မရွေ့နဲ့ သဘက်ခါ သမီးနန်းနဲ့စေ့စပ်ဖို့ပြင်!!"
ဖခင်ဖြစ်သူရဲ့ပြောစကားကြောင့် ကိုကိုမြင့်တစ်ယောက် စိတ်ထိခိုက်ရပြန်တယ်။ကျဆင်းလာတဲ့ မျက်ရည်တွေကို လက်ခုံဖြင့်သုတ်ကာ........
"အဖေ! အချစ်မပါတဲ့အိမ်ထောင်ရေးက တည်မြဲမယ်လို့ထင်နေတာလား။ ကျွန်တော်သူ့ကိုမချစ်ဘူး။ အဖေတို့စီးပွားရေးကြောင့်နဲ့ ကျွန်တော့်ရဲ့လွတ်လပ်ခွင့်တွေကို မပိတ်ပင်ပါနဲ့လား။ အဖေနဲ့အမေလည်း ချစ်လို့ယူထားကြတာပဲမလား။ ဘာလို့ကျွန်တော့်ကျမှ အခုလိုလုပ်ရတာလဲ!!!!"
BINABASA MO ANG
MY step-father son become my husband S1 (completed)
Non-Fictionစာရေးသူရဲ့စိတ်ကူးသာဖြစ်သည်။ Starting Date- 8.2.2022 Ending Date- 28.4.2022