(အခုရေးမဲ့အပိုင်းသည် အရင်တစ်ခါတင်တုန်းက မပါခဲ့တဲ့အပိုင်းလေးတွေပါရှင့်)
အလင်းရောင်က အခန်းထဲကိုမှန်ကနေတစ်ဆင့် ထိုးဖောက်၀င်ရောက်လာတာကြောင့် ရှိန်လည်းမျက်လုံးကျိန်း၍ နိုးလာခဲ့တော့သည်။ရင်ခွင်ထဲက လူကိုကြည့်လိုက်တော့ အိပ်မောကျနေတုန်းပင်။
ညကသူ့ကိုအလိုလိုက်ကာ အဆုံးထိတောင့်ခံနေတဲ့ ထိုလူ့ရဲ့ပုံရိပ်တွေကိုမြင်ယောင်ပြီး ရင်ခုန်မိပြန်တယ်။ခင်ဗျားက ကျုပ်ကိုရူးအောင်လုပ်နေတာပဲ!
"အင်းးးးးး"
"ကျွတ် ကျွတ် ကျွတ် ပြန်အိပ်အုံး စောသေးတယ်"
မနက်၁၁နာရီလောက်ရှိနေပြီကို စောသေးတယ်ဟု မုသားစကားသုံးကာ ပြန်အိပ်ခိုင်းရပြန်တယ်။ညကအတော်လေး ပင်ပန်းထားတယ်မို့လား။ ကောင်းကောင်းအနားယူရမှာပေါ့။
"မအိပ်ချင်တော့ဘူး....."
ခပ်ချွဲချွဲလေးပြောကာ ရှိန့်ရဲ့ရင်ခွင်ထဲ တိုးဝှေ့နေတဲ့လူကြောင့် ပါးချိုင့်တွေပေါ်တဲ့ထိ ပြုံးမိပြန်တယ်။ အိမ်ထောင်သက်တမ်း၁နှစ်ကျော်ဆိုပေမဲ့ သူတို့အခုဖြစ်နေပုံက အခုမှကြင်စလင်မယားတွေလိုပင်။
"ခင်ဗျား သက်သာရဲ့လား အဆင်မပြေရင် မောင့်ကိုပြောနော် လရောင်ကိုခေါ်ပေးမယ်"
ရှိန်ပြောလိုက်ကာမှ ရာရာကမျက်လုံးကိုဖျက်ခနဲ ဖွင့်လာတယ်။ သူအိမ်မက်မက်နေတာမဟုတ်ဘူးလား။ရုတ်တရက် ထထိုင်လိုက်တာကြောင့် ခါးရိုးတစ်လျှောက် ကျဉ်တက်သွားကာ မျက်ရည်လေးပင်ဝဲသွားရတယ်။
"အ့.........."
"ကျစ်! ဘာလို့အသဲအသန်ထထိုင်နေရတာလဲ။အခုတော့နာပြီမလား။ ကျုပ် လရောင်ကိုဖုန်းခေါ်လိုက်မယ်"
ဖုန်းကိုကိုင်ကာ ပြောလိုက်တာကြောင့် ရှိန်ရဲ့လက်ကို ဆွဲကိုင်လိုက်ရတယ်။ ဟင့်အင်း လရောင်ကိုခေါ်လို့ ဘယ်ဖြစ်မလဲ။ ရှက်စရာကြီးကို!
"မခေါ်နဲ့ ငါအဆင်ပြေတယ်"
ဟုတ်လို့လားဆိုတဲ့ အကြည့်နဲ့ကြည့်နေတာကြောင့် ခေါင်းငြိမ့်ပြလိုက်ရတယ်။ထိုအခါမှ ပြုံးကာ ရာရာ့ကိုအနောက်ကနေ သိုင်းဖက်လာတယ်။
BINABASA MO ANG
MY step-father son become my husband S1 (completed)
Non-Fictionစာရေးသူရဲ့စိတ်ကူးသာဖြစ်သည်။ Starting Date- 8.2.2022 Ending Date- 28.4.2022