ရာရာမေ့နေတာ၂ရက်အကြာ နိုးလာခဲ့တယ်။နိုးလာတော့ တစ်စုံတစ်ယောက်ကိုရှာပေမဲ့ မတွေ့ချေ။ဒဏ်ရာတွေ အရှင်းမပျောက်သေးပေမဲ့ ဆေးရုံကဆင်းလို့ရနေပါပြီ။momကစိုးရိမ်လွန်ပြီး ခုထိမဆင်းခိုင်းချေ။
စက်ရှိန်မာန် သူ့ကိုအခုလိုလုပ်တဲ့အပေါ်မှာ ရင်နာမိတယ်။နောက်ပြီး အရင်ကထက်ပိုပြီး ကြောက်ဖို့ကောင်းတဲ့သူ့ပုံစံကို မြင်လိုက်ရတဲ့အချိန်မှာ ရာရာတွေးမိသည်က သူ့ဆီကနေ ထွက်သွားချင်တယ်ဆိုတာကိုပဲ။
"သားရာလေး ရှိန်ဒီလိုလုပ်လိမ့်မယ်mom မထင်ခဲ့ဘူး လူမဆန်တာ သားအနေနဲ့ သူ့ကိုဘာပြန်လုပ်ချင်လဲ momကဖြစ်အောင်လုပ်ပေးမယ်"
အိန်ဂျယ်လ်တစ်ယောက် တကယ်ကိုစိတ်တိုမိတယ်။သားဖြစ်သူကို ဆေးရုံတက်ရအောင်လုပ်ပြီး ဆေးရုံတင်ပေးသွားပြီး နောက်ပိုင်းတချက်တောင် ပေါ်မလာ။မောင်ဇွဲမာန်ကိုသာ ကြည့်ခိုင်းတယ်။ စက်ရှိန်မာန်ကို အခုလိုရိုင်းစိုင်းလွန်းတဲ့ကောင်လေး ဖြစ်မယ်လို့ တကယ်မတွေးထားခဲ့မိဘူး။
"mom သားအရမ်းပင်ပန်းနေပြီ။ ဒါပေမဲ့ ဒီ၀ဋ်ကြွေးကို နောင်ဘ၀ထိမယူချင်ဘူး။ဒီဘ၀မှာတင် ကြေအောင်ဆက်ချင်တယ်။ သား.....သားနည်းနည်းလောက်သည်းခံလိုက်ပါအုံးမယ်။ ဒီ၀ဋ်ကကျွတ်တော့မှာပါ"
ရာရာရဲ့အသံဟာဖျော့တော့နေပြီး အသက်ကိုပင်မနည်းရှူနေရတယ်။
"အိုကွယ်.......ဒီလောက်ထိခံပြီးပြီ သားကဆက်နေချင်သေးတာလား။"
"တော်ပါတော့ momရယ် Dadတို့ရော ဒီကိစ္စသိပြီးပြီလား"
"သားဆေးရုံတက်ရတယ်ဆိုတာပဲသိထားတယ်။ ကိုမြင့်ရဲ့သားကြောင့်ဖြစ်တယ်ဆိုတာကို မပြောထားဘူး။ သားအဖေကလေ သားဆေးရုံတက်ရတယ်ဆိုတဲ့သတင်းကြားတာတောင် မေ့လဲသေးတာ ဟိုကောင်လေးကြောင့်ဆိုတာသာ သိရင် မတွေးရဲစရာ"
"သားကြောင့် လူကြီးတွေစိတ်ဆင်းရဲနေရပြီ"
"မဟုတ်တာသားရယ် ဆေးရုံကဆင်းဖို့စီစဉ်လိုက်တော့မယ်နော် ခနလေးစောင့်"
အိန်ဂျယ်လ် ထွက်သွားပြီးမကြာ စိုင်းရောက်လာခဲ့တယ်။
"တာရာရယ် ကိုယ်ကြောင့်ပါ သူဒီလောက်လုပ်မယ်မထင်တာ"
YOU ARE READING
MY step-father son become my husband S1 (completed)
Non-Fictionစာရေးသူရဲ့စိတ်ကူးသာဖြစ်သည်။ Starting Date- 8.2.2022 Ending Date- 28.4.2022