အားမာန်တယောက် ပြင်ဦးလွင်ကနေအပြန်မှာ ရာလေးရောက်နေတယ်ဆိုတဲ့သတင်းကြားလိုက်ရတယ်။ ဒါနဲ့ မာန်အိမ်တော်ကိုလာခဲ့တယ်။
"အကို...အကိုရေ..."
အရင်ဆိုအိမ်တော်မှာ အလုပ်သမားတွေရော် အစောင့်ပါရှုပ်နေတာ။ခုတော့တယောက်မှလည်းမရှိဘူး။ အော်ခေါ်ပြီး ဧည့်ခန့်ထဲဝင်လာတယ်။နေ့သစ်လည်းအသံကြားလို့ အောက်ဆင်းခဲ့တယ်။
"အားမာန် ဦးက ရွာသာကြီးကစက်ရုံကိုခနသွားကြည့်တယ်"
"အကိုမရှိတော့ မင်းနဲ့ပြောရတာပေါ့"
"ဟုတ်ပြောပါ"
အားမာန်မျက်မှန်ကိုချွတ်ပြီး ထိုင်ခုံမှာထိုင်ကာ
"ခဲအိုပြန်လာတာသိလောက်ရော်ပေါ့"
"သိ...သိပါတယ်"
"မင်းပြောခဲ့တယ်လေ မင်းအကိုနဲ့စေ့စပ်တာ ခဲအိုပြန်လာဖို့လှည့်တာဆို ခုခဲအိုပြန်ပြီဆိုတော့ စေ့စပ်တာဖျက်သိမ်းပေးဖို့မျှော်လင့်ပါတယ်"
"ဘာ!! ဒါဘယ်လိုဖြစ်နိုင်မှာလဲ ပြောခဲ့ပေမဲ့ ဦးကအခုသူ့ကိုမချစ်တော့ဘူးလေ"
"သေချာလှချည်လား ဟမ်!!"
နေ့သစ် အဲ့အချိန်ကရှိန့်ကို ပိုင်ဆိုင်ဖို့ပဲသိတာမို့ ပြောမိပြောရာပြောခဲ့တယ်။
"နေ့သစ် မင်းကဘယ်သူဆိုတာမေ့နေတာလားဟမ်!!"
"အားမာန် မင်းတို့က ပန်းတာရာပဲလူထင်နေတာလား ငါလည်းနှလုံးသားနဲ့ကွ ဒီမှာ ငါ့ဘက်ကိုမင်းတို့ဘယ်နခါကြည့်ဖူးလဲ ဦးကပဲငါ့ကိုဂရုစိုက်ခဲ့တယ် ဦးပဲငါ့အပေါ်ကြင်နာတယ် ငါငတ်နေတဲ့မေတ္တာတွေပေးခဲ့တာ"
"ဦးရှိုင်းတို့ကလည်းချစ်ခြင်းမေတ္တာပေးခဲ့တာပဲ မင်းကဂရုစိုက်ခဲ့လို့လား မင်းကယောကျာ်း၂ယောက်မွေးလာပေမဲ့ မင်းကိုသူတို့အစွမ်းကုန်ချစ်ခင်ကြတာပဲလေ မင်းကမမြင်ခဲ့တာ"
"ငါမသိဘူး အေးခုနေပန်းတာရာကဦးနားကပ်လာရင် ငါဘက်ကလည်းငြိမ်မနေဘူး"
"စမ်းကြည့်လေ ကိုရာ့ဘက်မှာငါတို့ရော် စိုင်းတို့ပါရှိတယ်"
YOU ARE READING
MY step-father son become my husband S1 (completed)
Non-Fictionစာရေးသူရဲ့စိတ်ကူးသာဖြစ်သည်။ Starting Date- 8.2.2022 Ending Date- 28.4.2022