💕နှလုံးသားထက် က နှောင်ကြိုးမျှင် 💕
အခန်း (29)
💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑
" ငါတို့ ဇနီးမောင်နှံကွာရှင်းတာ က၊ငါ့ကို သတ်ပစ်ချင်ရလောက်၊ မင်းအတွက် ဘာတွေကိုများ ထိခိုက်နစ်နာသွားစေလို့လဲ။တ
ကယ်ဆိုရင် ငယ် ကို ချစ်တဲ့၊မင်းအတွက်ကြီ
းမားတဲ့ ပျော်ရွှင်မှုကြီးပဲလေ။အဲ့ဒါကို မင်း
က ဘာလို့ ငါ့ကို သတ်ပစ်ချင်နေရတာလဲ။ "" အဟင်း... အဟင်း... "
ဦးနောင်တမန် စကားတွေကြောင့် အဂ္ဂ နာ ကျင်စွာနဲ့ ရယ်လိုက်ပြီး...
" ခင်ဗျား လမင်းငယ် ကို ကွာရှင်းလိုက်တာ
က ကျွန်တော့်အတွက် ပျော်ရတဲ့အရာမျိုး မ
ဟုတ်ဘူး။နှလုံးသားတစ်ခုလုံးကြေမွပြီး သေလောက်အောင် နာကျင်ရတဲ့ နာကျင်မှုမျိုးပဲဆိုတာ ခင်ဗျား သိရဲ့လား။ "နောင် သူ့ရှေ့က ကောင်လေးပြောနေတာကို တစ်ခုမှ နားမလည်နိုင်ဖြစ်နေရတာမို့...
" ငါတို့ ကွာရှင်းမှုက မင်းနှလုံးသာကို ကြေမွပြီး သေလောက်တဲ့အထိတောင်မှ နာကျင်ရတယ်တဲ့လား။ဘယ်အရာကများ မင်း နာကျ င်စေတာလဲဆိုတာ ငါ သိလို့ရနိုင်မလား။ "
ဦးနောင်တမန် စကားအဆုံး အဂ္ဂ ခပ်မဲ့မဲ့လေ
း ရယ်လိုက်ပြီး..." ခင်ဗျား က မသိချင်ရင်တောင်မှ၊ကျွန်တော်
က ခင်ဗျား သိအောင်ပြောဖို့လာခဲ့တာပဲ။ "" ငါ့ကို ပြောပြဖို့လာခဲ့တာ။အဲ့တာက ဘာမျာ
းလဲ။ "" လမင်းငယ် က ခင်ဗျား ကို နာကျည်းမုန်း တီးပြီး၊ဆက်မချစ်နိုင်တော့လို့ ကွာရှင်းပြီး.. ကျွန်တော့်ရင်ခွင်ရိပ်မှာ လာခိုလှုံခဲ့ရင်၊ကျွန် တော် အခုလိုနာကျင်ခံစားရနေမှာ မဟုတ်ဘူး။အခု လမင်းငယ် ခင်ဗျား ကို ကွာရှင်းလိုက်တာ က၊သူ ပျော်ရွှင်ဖို့အတွက် မဟုတ်ဘဲ၊သူ့အသက်ထက်ပိုချစ်ရတဲ့သူ ခင်ဗျားအတွက်တွေးပြီး ကွာရှင်းလိုက်တာ။ "
" ငါ့အတွက် ဟုတ်လား။ "
အဂ္ဂ သူပြောတာကို နားမလည်ဖြစ်နေတဲ့...
ဦးနောင်တမန် ရဲ့ မျက်ဝန်းတွေကို တည့်တည့်ကြည့်လိုက်ပြီး...