နှလုံးသားထက် က နှောင်ကြိုးမျှင်
အခန်း (၄)
နောင်,ချစ်သူ ပ,နှင့် ညဥ့်နက်သည့်အထိ ဖုန်းပြောပြီး။ဝန်းရံတာမှာ အေးလာသလို အိပ်ချိန်လည်းကျော်လွန်နေပြီမို့ မျက်လုံးက မှေးစင်းလာတော့သည်။
နောင်,သောက်နေတာကို ရပ်ပြီး အခန်းထဲ ပြန်ဝင်လာခဲ့လိုက်သည်။
" အဟင်း "
အိပ်ဖို့ အိပ်ခန်းထဲပြန်ဝင်လာတော့ အိပ်ရာထက်မှာအိပ်နေတဲ့ ချာတိတ်က နှစ်ယောက်အိပ်ကုတင်ကို ကန့်လန့်ဖြတ် လှဲကာ တစ်ယောက်တည်း အိပ်နေလေသည်။
နောင်,အိပ်နေတဲ့ ချာတိတ်ကို ကြည့်ပြီး ခေါင်းကိုယမ်း၍ ရယ်မိသည်။
အိပ်ရာထက်မှာ ကန့်လန့်ဖြတ်အိပ်မောကျနေတဲ့
ချာတိတ်ခန္ဓာကိုယ်လေးကို အသာမယူပြီး အိပ်ရာထက်မှာ နေရာအတည့်ပြန်ချပေးလိုက်မိသည်။နောင်,ကိုယ်တိုင်လည်း အိပ်ချင်နေပြီမို့ ချာတိတ်ဘေးက နေရာလွတ်မှာ ဝင်လှဲကာ နဖူးလက်တင်
ပြီး အိပ်စက်လိုက်သည်။" အင်... အင်း... "
" ဟင်... "
အိပ်ပျော်စပင်ရှိသေးသည့် နောင့်,ဘက်ကို ကိုယ်ကိုစောင်းလှည့်လာသည့် ချာတိတ်ဆီမှ ညီးညူးသံ တချို့ထွက်လာသည်။
လက်ကလေးတစ်ဖက်ကလည်း နောင့်,ရင်ဘတ်ပေါ်ကို ပစ်တင်လာတာကြောင့် နောင်,သည် အိပ်ပျော်နေရာမှ နိူးသွားရသည်။
ဟာ...။
နိုးရုံရှိသေးသည် ရင်ဘတ်ပေါ်ကိုတင်ထားတဲ့ ချာတိတ် လက်တစ်ဖက်က ယောင်ယမ်းပြီး နောင့်, ကို ဖက်တွယ်လာသည်။
နောင်,မှာ တစ်ဖက်လူက အိပ်နေပေမဲ့လည်း မျက်လုံးအပြူးသားဖြစ်သွားရသည်။ကိုယ်ကသာ
အလန့်တကြား ဖြစ်နေတာ ချာတိတ်ကတော့ အိပ်မောကျလျက်ပင်။ဖက်ထားတဲ့ လက်ကြောင့်နေရတာ အဆင်မပြေဖြစ်နေသော်လည်း ဖယ်ရင်နိူးသွားမှာဆိုးတာကြောင့် ချာတိတ်ကို ဒီတိုင်းသာပေးအိပ်လိုက်ရသည်။
ခြေထောက်လေးတွေကို ကွေး၍ ခေါင်းက သူ့လက်မောင်းနားကိုတိုးကပ်လာပြန်တာကြောင့်... ခေါင်းအုံးလွတ်နေတဲ့ ချာတိတ်ခေါင်းလေးကို အသာမယူပြီး လက်မောင်းပေါ် အသာမတင်ကာ အိပ်စေလိုက်သည်။အဲ့ဒီနောက်မှာလည်း ချာတိတ်ကိုယ်ပေါ်မှာ စောင်ကလွတ်နေတာမို့ စောင်ပါဆွဲယူခြုံပေးလိုက်မိသည်။