💕 နှလုံးသားထက် က နှောင်ကြိုးမျှင်💕
အခန်း (11)
💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑
" လကလေး ရော့... "
လကလေး နန်းနန်း ကမ်းပေးလာတဲ့ အစိမ်း
ရောင်အရည် ကြည်ကြည်လေးတွေထည့်
ထားတဲ့ ခွက်လှလှလေးကို လှမ်းယူလိုက်ရင်း...." ဒါက ဘာလဲ နန်းနန်း "
" ပန်းသီးစိမ်း ကော့တေး နင့်အတွက်... ငါတို့
က ဒါတွေ "လကလေး အမေးကို နန်းနန်း က သူ့ လက်ထဲက နီကျင့်ကျင့်အရောင်နဲ့ ခွက်ကိုလှုပ်ယမ်
းပြသည်။လကလေး လက်ထဲက ခွက်လေး
ကို နှာဖျားဝမှာတေ့၍ တစ်ချက်နမ်းကြည့်
လိုက်ပြီး...." ဒါက မူးတာလား သောက်ရင်... "
" ကော့တေး က အသီး နဲ့ အရက်ကိုရောစပ်ဖျော်ထားတာပဲ မူးတာပေါ့ ဟ။မဟုတ်မှ နင် တစ်ခါမှ မသောက်ဖူးဘူးလား "
နန်းနန်း အမေးကြောင့် ဘေးနားမှာရှိနေတဲ့ မေလင်း နဲ့ တခြား သူငယ်ချင်းတွေကလည်း လကလေး အဖြေကို အာရုံစိုက်နေကြသည်။လကလေး သူငယ်ချင်းတွေကို မပွင့်တပွင့်အပြုံးလေး နဲ့ ပြုံးပြီး တိုးတိုးလေး ဖြေလိုက်
သည်က...." ငါ မသောက်ဖူးဘူး။နန်းနန်း ချိန်းလို့ ဘား ဆိုတဲ့ ဒီနေရာကို လာတာကလည်း ပထမဆုံး
အကြိမ်ပါပဲ။ပြီးတော့... ကော့တေး ဆိုတဲ့ ဒီ
ဟာကိုလည်း အခုမှ သိတာ "" ဝိုး... လကလေး နင်က နှစ်တစ်ရာစုက လူ
သား မဟုတ်ဘဲ။ဟိုးရှေးခေတ် လူသားဘဲ။
ခေတ်နောက်ကျပြီး အတွေ့အကြုံ ဗဟုသုတ
တွေကလည်း မရှိနဲ့ ဒိတ်အောက်လိုက်တာ။
ကိုင်တဲ့ ဖုန်းကလည်း ကလေးတွေတောင် မ
သုံးတော့တဲ့ ခေါက်ဖုန်းတဲ့။နှစ်ဆယ့်တစ်ရာ စုရဲ့ သူဌေးကတော်မလေး ခေတ်နောက်ကျ
ချက် က ပြိုင်စံရှားပဲ။ဟား... ဟား... ဟား "လကလေး အဖြေအဆုံးမှာတော့... မေလင်း
က တအံ့တသြဖြင့် ကဲ့ရဲ့သလို လှောင်ပြောင်
သလို ပြောသည်။ကျန် သူငယ်ချင်းတွေ က မေလင်း စကားအဆုံး ဟားတိုက်ရယ်ကြသည်။ဘေးနားမှာ ထိုင်နေတဲ့ ကေသီ က တော့... မချိပြုံးလေး ပြုံးထားရသည့် လကလေး လက်ကိုဆုပ်ကိုင်ပေးထားသည်။