နှလုံးသားထက်က နှောင်ကြိုးမျှင် Part (18)

3.1K 65 8
                                    

   💕 နှလုံးသားထက် က နှောင်ကြိုးမျှင်💕

                        အခန်း  (18)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

" ပ ကိုယ့်ကို မညာနဲ့ကွာ။သတင်းတွေတက်
လာတာ ပ လုပ်လိုက်တာမလား "

" ဟုတ်တယ်။ပ လုပ်တာ "

" ကျစ်.. ပ ကကွာ။ဘာလို့အဲ့​လိုတွေ လျှောက်လုပ်တာလဲ။အခု ပြဿနာတွေပို
ကြီးကုန်ပြီ၊အဘွားကည်း အဲ့သတင်းတွေ
ကြောင့် ရှော့ရပြီ အရေးပေါ်ခန်းကိုတင်ထားရတယ် "

" ပြဿနာတွေကြီးအောင်လုပ်တာက ကို့ အ
ဘွားလေ။ပ မဟုတ်ဘူး။ဘာမဟုတ်တဲ့ ပန်းစိုက်သမားရဲ့သမီးကျတော့ မြေးချွေးမတော်ပြီး၊နိုင်ငံ ကျော်မင်းသမီးဖြစ်တဲ့ ပ ကျတော့ မတူမတန်သလိုနဲ့ ဆက်ဆံတာကိုတော့ လုံးဝသည်းမခံနိုင်ဘူး။ပြီးတော့ ပ အခုကစပြီး ကို့
အဘွားနဲ့ ထိပ်တိုက်တွေ့မှာ။အဲ့ဒါကြောင့် ပ
ဘက်မှာ ကို ရှိနေပေးရမယ်။ကို့ အဘွား ဘ ယ်လိုတွေတားလာလာ ကို ပ ကို လက်ထပ်ရ
မယ် "

" ကို ပ ဘက်က အမြဲရှိနေပေးမယ်။ပ ကိုလည်း ကိုယ် လက်ထပ်မယ်။ဒါမဲ့ အခုတော့
ပ ထင်ရာတွေလျှောက်မလုပ်ပါနဲ့ကွာ။အဘွာ
းက အခု ကိုယ်တို့နှစ်ယောက်ကို အရင်ထက်ပိုပြီးတော့တောင်မှ သဘောမတူတော့
ဘူး။ပြီးတော့ ကိုယ်တို့ အခုတက်နေတဲဲ့ သ တင်းတွေ ပိတ်ရမယ်။သတင်းပိတ်ဖို့ ပ ပါဝင်
ပေးရမယ် "

" သတင်းတွေပိတ်ရမယ် ဘာလို့လဲ။ သတင်းတွေက အမှန်တွေလေ။ ဘာလဲ ကို ကဟိုကောင်မလေးကို ထိခိုက်မှာ ဆိုးနေတာလား "

" အဲ့ဒါကြောင့်လည်းပါတယ်။တကယ်ဆို သူ
က မဆိုင်ဘဲနဲ့ ကြားထဲကနေခံနေရတာ ပ ။အဘွားက သတိပြန်ရလာရင် ပ ကို ပြဿနာ
ရှာနိုင်တယ်။ကို ပ ကို အထိခိုက်မခံနိုင်ဘူး။
အာ့ကြောင့် ကိုတို့ အဘွား ဘာမှမလုပ်ခင်မှာ
သတင်းစာရှင်းလင်းပွဲ လုပ်ရလိမ့်မယ်။ပ မြန်မာပြည်ကို လာဖို့လုပ်ထားတဲ့ ရက်ထက်ပိုပြီး စောလာခဲ့ "

" နေ  နေပါဦး ကို။ သတင်းစာရှင်းလင်းပွဲက
ဘာကို ရှင်းလင်းမှာလဲ "

" အဘွား ပ ကို ပြဿနာမရှာအောင် ကိုယ် နဲ့ ပ က လက်ထပ်တော့မယ့်ချစ်သူတွေ မဟုတ်
ဘူး။လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေလို့
သတင်းထောက်တွေကို ပြောရမယ်။အဲ့တာမှ
ကိုတို့ကို အဘွား ဘာမှမလုပ်မှာ။ပြီးတော့ ပ
ကိုယ့် ကုမ္ပဏီရဲ့ ပင်တိုင်မော်ဒယ်ဆိုတာသိ
ရင် အဘွား ပြဿနာရှာအသေချာပဲ။အဲ့လိုပြဿနာရှာလို့မရအောင် သတင်းစာရှင်း လင်းပွဲမှာ ကိုယ်က ပ နဲ့ အလုပ်ကိစ္စအတွက် စာချုပ်ချုပ်ဖို့ စင်ကာပူကို သွားခဲ့တာဆို ပြောမယ်။ပကလည်း အလုပ်စာချုပ်ကိုပါ ပြပေးရမယ် "

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedDonde viven las historias. Descúbrelo ahora