နှလုံးသားထက်က နှောင်ကြိုးမျှင် part (26)

3K 71 1
                                    

   💕နှလုံးသားထက် က နှောင်ကြိုးမျှင်💕

                        အခန်း  (26)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

" ဘာ!... တီအက်စ်ကုမ္ပဏီက ကျွန်မနဲ့ချုပ် ထားတဲ့ စာချုပ်ကိုဖျက်သိမ်းတယ်။ ဟုတ် လား "

" ဟုတ်ပါတယ် "

" ဟင့်အင်း မဖြစ်နိုင်တာ။တီအက်စ် က ကျွန်မ ကို စာချုပ်ဖျက်သိမ်းစရာ အကြောင် းလုံးဝကိုမရှိဘူး ရှင့် "

ခင်ပပ စင်ကာပူအေဂျင့်စီကနေ သူ့ကို တီအက်စ်ကုမ္ပဏီကနေ ပင်တိုင်ကြော်ငြာမော်ဒယ်အဖြစ်ငှားရမ်းထားတာကို...ကုမ္ပဏီကိုလျော်
ကြေးငွေပေးပြီး ဖျက်သိမ်းလိုက်တယ်ဆိုတာကို.. ဖုန်းဆက်ပြောလာတာမို့ မယုံနိုင်တွေဖြစ်နေရ၏။

" မဖြစ်နိုင်တာ ဖြစ်နိုင်တာထက်၊ ကျွန်တော်
တို့ ကုမ္ပဏီဘဏ်အကောင့်ထဲကို တီအက်စ်ကုမ္ပဏီက လျော်ကြေးငွေလွဲပေး အခုလေး
ပဲ လက်ခံရရှိထားပါတယ်။ပြီးတော့.. အသစ်ရိုက်ဖို့လုပ်ထားတဲ့ ဇာတ်ကားမှာ ခင်ဗျားကို​ ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်ခွင့်ရအောင် စပွန်ဆာပေးထားတာတွေကိုလည်း A&G သူဌေးကပြန်ရုတ်သိမ်းသွားပါတယ်။အဲ့ဒါကြောင့် ဇာတ်ကားသစ်မှာ ခင်ဗျား ပါ ဝင်ဖို့မဖြစ်နိုင်တော့ပါဘူး။တခြားမင်းသမီးကိုပဲ အစားထိုးဖို့ ဒါ ရိုက်တာနဲ့ ထုတ်လုပ်သူတွေက ဆုံးဖြတ်ချ က်လိုက်ကြတယ် "

" ဘာ.. ဘာကိုမဖြစ်နိုင်တော့လဲ။ဘာကို အစားထိုးဖို့ ဆုံးဖြတ်ချက်ချကျရတာလဲ။အဲ့ဇာတ်ကားမှာ ကျွန်မ သရုပ်ဆောင်ဖို့ကို အ ဝတ်အစားကအစ အသေးစိတ်စီစဥ်ထားပြီးသား။ကျွန်မ ဇာတ်ညွှန်းလည်းဖတ်ပြီးသွားပြီလေ။အဲ့ဒါကို ဘာလို့ ကျွန်မ က ပါဝင်ဖို့မဖြစ်နိုင်ရတာလဲ "

" ဟုတ်ကဲ့.. ခင်ဗျားဘက်က ကြိုးစားထားမှန်းသိပါတယ်။ဒါမဲ့ ကျွန်တော်တို့ဘက်က
လည်း အနုပညာကိုအရင်းတည်ပြီး စီးပွား ရေးလုပ်နေကျတာပါ။အခုရိုက်ဖို့လုပ်နေတဲ့
ဇာတ်ကားက မင်းသမီးအတွက် ဇာတ်ကွက်
များတဲ့ ဇာတ်လမ်းဖြစ်သလို... ရိုက်ကူးရေးပိုင်းမှာလည်း ငွေကုန်ကြေးကျများပါတယ်။
အဲ့ဒါကြောင့် စီးပွားရေးလုပ်နေတာဖြစ်လို့ ငွေကြေးထောက်ပံ့မှုရတဲ့ သူကိုပဲ မင်းသမီးတင်ဖို့ လူပြောင်းလဲလိုက်ရတာပါ။အဲ့အတွ က် ခင်ဗျား က နားလည်ပေးပါ။ခင်ဗျားကို
လည်း နစ်နာကြေးပေးမှာပါ "

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedDonde viven las historias. Descúbrelo ahora