နှလုံးသားထက်က နှောင်ကြိုးမျှင် Part (8)

3.1K 79 0
                                    

  💕 နှလုံးသားထက် က နှောင်ကြိုးမျှင်💕

                         အခန်း  (8)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

နောင် ချစ်သူ ရဲ့ ဆူဆူအောင့်အောင့် စကား
သံလေးကြောင့်... သူ့ကို စိတ်ကောက်နေပြီ
ဆိုတာသိလိုက်တာမို့ လေပြေလေးဖြင့်....

" ပ ကိုယ့် ကုမ္ပဏီမှာလေ အသစ်ထုတ်မယ့်
အဝတ်စားဘရမ်းအတွက် မော်ဒယ်လိုနေ
တယ်။အဲ့တာ... "

" မော်ဒယ်လိုရင် ငှားလိုက်ပေါ့။မော်ဒယ်တွေ
ပေါလွန်းလို့ စိတ်ကြိုက်ရွေးသုံးလို့ရနေတာပဲ "
" ပ ကလည်း ကိုယ် က အဲ့လိုပေါသောနေတဲ့
မော်ဒယ်တွေကို ထုတ်ကုန်သစ်မှာ မသုံးချင်
လို့ပေါ့ "

" မသုံးချင်ရင် သုံးချင်တဲ့ သူကို ရှာသုံးလိုက်
ပေါ့။ဘာခက်နေတာမှတ်လို့... "

ပ ချစ်သူ ပြောချင်တဲ့ စကားကိုသိနေတာမို့
တမင် ရစ်ကာ စကားကိုလမ်းကြောင်း လွဲနေ
ချင်ပေ။

" ကိုယ် သုံးချင်တဲ့ သူ က အခု ဖုန်းပြောနေတဲ့ ခင်ပပ ဆိုတဲ့ မော်ဒယ်မင်းသမီးလေးကို
သုံးချင်တာ။ကိုယ် ရဲ့ မော်ဒယ် ဖြစ်ပေးပါလား ပ "

" အင်း.. မော်ဒယ်ဖြစ်တာပေး က ရပါတယ်။
ဒါမယ့် ပ ကို မော်ဒယ်အဖြစ်သုံးမယ်ဆိုရင်
ငွေတော်တော်ကုန်လိမ့်မယ်။ ပ ရဲ့ အနုပညာ
ကြေးက အရမ်းမြင့်တယ် ဖြစ်ရဲ့လား "

" အဟင်း.. ကိုယ့် ချစ်သူလေး က ကိုယ့်ကို
အထင်သေးတာပဲကွ။ပြော ကိုယ့် ရဲ့ မော်ဒယ်ဖြစ်ပေးခ အတွက် ပ ရဲ့ အနုပညာကြေး
ဘယ်လောက်ပေးရမလဲ။ပြီးတော့... အနုပ
ညာကြေးငွေ အပြင် ကိုယ့်ကိုယ်လည်း အ ဆစ်အနေနဲ့ အနုပညာကြေးထဲကို ထည့်ပေး
မှာမို့လို့...  သူများတွေ ပကို ပေးတဲ့ စျေးထက် ကိုယ် အဆအများကြီးပိုတယ်။ကဲ... ကိုယ့် ရဲ့ ကမ်းလှမ်းမှုကြီးကို ကြွေသွားတယ်
မလား "

ချစ်သူ ရဲ့ ကြွယ်လွန်းတဲ့ စကားတို့အောက်၌
ပ နူတ်ခမ်းပါးလေး က ကွေးညွတ်သွားသည့်
အထိ ပြုံးလို့သွားရပြီး....

" အနုပေးကြေး ကမ်းလှမ်းမှုကို စိတ်ဝင်စား
ပါတယ်။ ဒါမယ့် D&D ကုမ္ပဏီ ရဲ့ ဘော့စ် ကို
မော်ဒယ်မင်းသမီးလေးဖြစ်တဲ့ ခင်ပပ ဆိုတဲ့
ကျွန်မ က စိတ်ဆိုးနေတာမို့လို့ ကမ်းလှမ်းမှု
ကို စဥ်းစားရအုံးမယ်။အဖြေ က အိုကေ ရဲ့
လား "

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedOnde histórias criam vida. Descubra agora