နှလုံးသားထက်က နှောင်ကြိုးမျှင် part(24)

3K 68 4
                                    

   💕 နှလုံးသားထက် က နှောင်ကြိုးမျှင်💕

                        အခန်း  (24)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

အဂ္ဂ ဆရာဝန်တွေ စစ်ဆေးစမ်းသပ်နေတဲ့
လမင်းငယ်ကို ကြည့်​နေရင်း...ဦးနောင်တမန်ကြောင့် သူမ ခံစားနေရတာကို ဘယ်လိုမှမကြည့်နိုင်တော့တာမို့... သူမ ရွေးချယ်ထားတဲ့ အချစ်မရှိတဲ့လမ်းမှာ သူမ ပျော်ရွှင်ရဖို့ သူလုပ်ပေးနိုင်တဲ့... တစ်ခုတည်းသောအရာကိုလုပ်ပေးရန် ဆုံ့ဖြတ်ချက်ချလိုက်သည်။
ထိုဆုံးဖြတ်ချက်နဲ့အတူ အားမရှိလို့ ဖြူဖျော့နေတဲ့ သူမမျက်နှာလေးကို ကြည့်ပြီး...

" မင်း က မင်းချစ်ရတဲ့သူအတွက် ဆူးခင်းလမ်းကို လျှောက်လှမ်းဖို့ အသင့်ဖြစ်နေသ လို..။မင်း ကို ချစ်နေမိတဲ့ ငါကလည်း ငါ့ရဲ့တစ်ခုတည်းသော နှလုံးသားကို ဖိနပ်တစ်ရံအဖြစ် ဖန်တီးပြီး၊ မင်းရဲ့ခြေဖဝါးနုနုလေးမှာ ဆင်းမြန်းပေးလိုက်မယ်။ဆူးခင်းလမ်းကို မင်း နင်းလျှောက်တဲ့အခါ ဆူးတွေမဆူးမိစေဖို့ပေါ့။

ငါ ဖန်တီးပေးထားတဲ့ နှလုံးသားဖိနပ်ကိုစီးပြီး ဆူးခင်းလမ်း ကို နင်းလျှောက်မယ့်...မင်း ဆီမှာ တစ်ခုလောက် တောင်းဆိုခွင့်ရခဲ့မယ်ဆိုရင်...ငါ တစ်ခုလောက်တော့ တောင်းဆိုချင်မိတယ်။အဲ့ဒါကတော့ ငါ့နှလုံးသွေးမြေခရတာနဲ့တန်အောင်  မင်းရဲ့ အသက်မဲ့နေတဲ့ အပြုံးတွေကို မတွေ့မမြင်ရပါစေ " နဲ့လို့ တောင်းဆိုပါတယ်။

အဂ္ဂ ထိုစကားတွေကိုရင်နာနာဖြင့်ဆိုရင်း... ချစ်ရတဲ့ သူမမျက်နှာလေးကို အကြည့်လွှဲ
ဖယ်ကာ  ဆေးရုံအခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

" စီ စီနီယာ ဘယ်သွားမလို့လဲ ဟင် "

အဂ္ဂ အခန်းအပြင်ရောက်တော့ လမင်းငယ်အနားမှာစောင့်နေပေးဖို့ လိုက်လာတဲ့... ကေသီ က နောက်ကနေပြေးထွက်လာပြီး သူ့
လက်ကိုဆွဲထားပြီး မေးသည့်အခါ သက်ပြင်
းကို ခပ်ခပ်ပြင်းပြင်းတစ်ချက်ချလိုက်ပြီး...

" ငါ ပြန်လာခဲ့မယ် သိပ်မကြာဘူး။လမင်းငယ်အနားမှာ စောင့်နေပါ။ဆရာဝန်တွေ ပြောတာကို သေချာမှတ်ထား။ငါ သွားလိုက်
ဦးမယ်။ဪ... မေ့တော့မလို့ အမြန်ထွက်လာရလို့ ပိုက်ဆံတော့များများစားစားပါလာ
ဘူး။ATM ကဒ်ယူထားလိုက်။ဆေးရုံရှေ့မှာ
ATMစက်ရှိတယ်။ဆေးဘာညာ လိုအပ်တာရှိလို့ ​ဝယ်ဖို့လာရင် မင်း ငွေထုတ်ပြီးဝယ်လိုက် ။ဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူးကြားလား "

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedOpowieści tętniące życiem. Odkryj je teraz