နှလုံးသားထက်က နှောင်ကြိုးမျှင် Part (38)

2K 41 4
                                    

  💔 နှလုံးသားထက် က နှောင်ကြိုးမျှင် 💔

                       အခန်း  (38)

💔💘💔💘💔💘💔💘💔💘💔💘💔💘

" သမီးရယ် ဒါက ဘယ်လိုအဖြစ်မျိုးလဲကွယ်။သမီးသာတစ်ခုခုဖြစ်ရင်တော့.. ဒီဖေကြီး အသက်ရှင်နိုင်ပါ့မလား။ငယ်ရွယ်လှပ
ပြီး လူ့လောကကြီးထဲမှာ အကြာကြီးရှင်သန်
နေထိုင်ရအုံးမယ့်... သမီးလေးဆီကိုမှ ဘာ..
ဘာလို့ နှလုံးရောဂါ​ကရှိနေရတာလဲ။ဘာလို့
များ ကံတရားက လှလှပပကြီး ရက်စက်နိုင်ရတာလဲကွယ်။ဟင့်... ဟီး "

အရေးပေါ်ခန်းထဲက ကုတင်ထက်မှာ နှာခေါ
င်း​ပိုက်တွေနဲ့ လက်တွေမှာရော ဆေးတွေသွ
င်းထားရတဲ့... သမီးကိုကြည့်ပြီး ဦးသက်ခိုင်
နှလုံးသားတွေ နာကျင်နေရပါ၏။ဖအေဖြစ်သူ သူ့ရောဂါအကြောင်းသိရင် စိတ်မကောင်
းဖြစ်မှာဆိုးလို့ မပြောသေးတာဆိုတဲ့စကား
ကို ကြားရတော့... သူ့မှာရင်နာလို့ပင်မဆုံး
တော့ချေ။

နောင် ငယ့်ဘေးမှာ ငိုနေတဲ့ ယောက္ခမကို မကြည့်ရက်နိုင်တော့တာကြောင့်... အနားကို သွားလိုက်ပြီး...

" ဖေကြီး ငိုနေ​တာအကြောပြီ တော်ပါတော့။ငယ့်ကိုအကောင်းတိုင်းဖြစ်အောင် ကျွန်တေ
ာ်က ကုသမှာမလို့.. ဖေကြီး စိုးရိမ်ပူပင်မှု
တွေကို ခဏလျော့ထားလိုက်ပါ။အခုည ကျွန်တော် ဆေးရုံမှာစောင့်မှာမလို့ အဘွားနဲ့
အတူ အိမ်ပြန်ပြီးနားကျပါ။အဘွားလည်း
ဖေကြီးနဲ့အတူ အိမ်ကိုပြန်နားလိုက်ပါ "

ယောက္ခမကိုပြောရင်း ဘေးနားကခုံမှာထိုင်
နေတဲ့ အဘွားဘက်ကိုပါလှည့်၍ အိမ်ပြန်ဖို့ပြောလိုက်တယ်။

" မြေးမလေးက အခုလိုဖြစ်နေတာကို အဘွာ
းတို့က ဘယ်လိုစိတ်နဲ့အိမ်ပြန်နေနိုင်မှာလဲ
မြေးရဲ့.. "

" အခုချိန်မှာ အဘွားတို့ စိတ်ထိခိုက်နေကျမယ်ဆိုတာ ကျွန်တော်သိပါတယ်။ဒါမဲ့ ဒီမှာ
အဘွားတို့နေလည်း ငယ့်အခြေအနေကထူး
ခြားလာတာမှ မဟုတ်တာ။ဒီမှာ ကျွန်တော်နဲ့ ထက်နိုင်ရော၊ဆရာဝန်တွေနဲ့နက်စ်မတွေပါရှိလို့ စိတ်ပူစရာမရှိပါဘူး။အဲ့ဒါကြောင့် ဒီည
တော့ အိမ်ပြန်နားလိုက်ကျပါ "

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedWhere stories live. Discover now