💕နှလုံးသားထက် က နှောင်ကြိုးမျှင် 💕
အခန်း (31)
💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑
" ဘာ!... အိမ်ခွဲနေမယ်။အဲ့ဒါက ဘာစကားလဲ နောင်တမန်။ဘာလဲ မင်း က အိမ်မှာနေရင် ငါရှိလို့၊မြေးမလေး ကို စိတ်ဒုက္ခပေးလို့မ
ရလို့လား။မင်း နဲ့ ခင်ပပ ဇာတ်လမ်းအေး
အေးဆေးဆေး ပြန်စလို့မရမှာဆိုးနေတာလား။ငါ့ကို ပြောစမ်းပါ။မင်း အသေအလဲ အိမ်ခွဲနေချင်ရတဲ့ အကြောင်းကို... "ဒေါ်မိမိခင် ညမိုးချုပ်နေတာတောင်၊ကလေး
နှစ်ယောက်အိမ်ပြန်မလာကျသေးလို့... မြေး
ထံ ဖုန်းဆက်မေးကြည့်ကာမှ၊ကျွန်တော်တို့
အိမ်ခွဲနေတော့မယ်ဆိုတဲ့ စကားကြောင့်... အ
လွန်မင် ဒေါသထွက်သွားရ၏။' ဟင်း!... '
နောင်တမန် ဘွားဘွား ရဲ့ ဒေါသစကားများ
ကြောင့်.. ပင့်သက်ရှိုက်မိလိုက်သည်။ထို့နော
က်မှာတော့..." ကျွန်တော် အိမ်ခွဲနေတာက ခင်ပပ နဲ့ ဇာတ်
လမ်းစဖို့အတွက် မဟုတ်ဘူး။အိမ်ခွဲနေရမှဖြစ်မယ့် အကြောင်းအရင်းရှိလို့ပါ။ "" အိမ်ခွဲနေရလောက်တဲ့ မင်းရဲ့အကြောင်းအရင်းကို ပြောစမ်းပါ။
နောင် ဘွားဘွား အမေးကို ဘယ်လိုဖြေရမှန်း
မသိဖြစ်နေ၏။သူ အိမ်ခွဲနေဖို့ ဆုံးဖြတ်လိုက်
ရတဲ့ တကယ့်အကြောင်းအရင်းက ငယ့်ကို
ချစ်တဲ့ ဘွားဘွား က၊ငယ့်အကြောင်းကိုသာ
သိရင် စိတ်ထိခိုက်မှာဆိုးတာကြောင့်ပါ။ပြီး
တော့.. ငယ့်ကို စိတ်အပြောင်းအလဲလေးဖြစ်
အောင် ထားပေးချင်တာကြောင့်ပါ။" နောင်တမန် မင်းကို ဘွားဘွား မေးနေတာကို ဘာလို့မဖြေတာလဲ။မင်း ငါ့ကို စိတ်တိုပြီးသွေးတက်အောင်လုပ်နေတာလား ဟမ်။ "
ဖြေရခက်နေတဲ့ သူ့ကို ဘွားဘွား က ဒေါသ
ဖြင့် ဖုန်းထဲကနေ၊အော်ငေါက်ပြောလာတာမို့
... နောင် ဘွားဘွား ကို ဖြစ်ကြောင်းကုန်စင်
ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။" ဘွားဘွား ကျွန်တော် အခု ပြောမယ့်စကား
ကို သေချာနားထောင်ပေးပါ။ပြီးတော့ အရမ်
းလည်း ထိတ်လန့်မသွားပါနဲ့။ပြီးရင်တော့..
ငယ်နဲ့ ကျွန်တော် ကို အိမ်ခွဲနေခွင့်ပေးပါ။ "