💕နှလုံးသားထက် က နှောင်ကြိုးမျှင် 💕
အခန်း (32)
💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑
" သူဌေးလည်း အိပ်နေပြီဆိုတော့... ကျွန် တော် ဘားကို ပြန်လိုက်ဦးမယ်။ဟိုမှာက အ ချိန်ပြည့်ကြီးကြပ်နေတဲ့ သူရှိမှဖြစ်မှာမို့လို့ပါ။ "
" ဟုတ်ကဲ့ ရှင်။ "
" ဒါဆို သူဌေးအတွက် စိတ်ချပါရစေ ညီမ
လေး။ "" ဟုတ်ကဲ့ပါ။လကလေး အစ်ကိုရဲ့ သူဌေး ကို သေချာဂရုစိုက်ပေးလိုက်ပါမယ်။ "
" ကျေးဇူးပါ။ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး
ညီမလေး။ "" အင်း.. "
လကလေး လမ်းမလျှောက်နိုင်တော့အောင်မူးနေတဲ့... စီနီယာ ကို ဆိုင်ပြန်ရောက်အောင်
ကားမောင်းပြီးပြန်လိုက်ပို့ပေးတဲ့... စီနီယာရဲ့
ဘားမန်နေဂျာ အခန်းထဲကနေထွက်သွားတာ
နဲ့...အိပ်ရာထက်မှာ မန်နေဂျာအစ်ကို လဲထားပေခဲ့တဲ့... အဝတ်စားများနဲ့ အိပ်ပျော်နေတဲ့ စီနီယာ ကို၊ရေဆွတ်ထားတဲ့ တဘတ်အသေးလေးဖြင့် မျက်နှာ၊လည်ပင်းနဲ့ လက်တို့ကို သန့်ရှင်းရေး လုပ်ပေးလိုက်သည်။
..........
" မင်္ဂလာပါ အန်တီ။ "
" မင်္ဂလာပါကွယ်။သမီးတို့ သူဌေး ဘယ်မှာ
လဲ။အပေါ်က သူ့အခန်းမှာလား။ "" ဟုတ်ပါတယ် အန်တီ ရှင့်။သူဌေး က နည်း
နည်းမူးနေလို့... သူဌေး ရဲ့ ဂျူနီယာ ညီမလေ
းက ကြည့်ပေးနေပါတယ်။ "" ဟုတ်လား။ဒါဆို အန်တီ သားလေးဆီသွား
လိုက်ဦးမယ်။ "" ဟုတ်ကဲ့ အန်တီ။ကျွန်မ အခန်းကိုလိုက်ပို့
ပေးရဦးမလား။ "" မပိုပေးနဲ့ ရတယ်။သမီး အလုပ်ရှိတာသာ
လုပ်ပါ။အန်တီဘာသာ တက်သွားလိုက်ပါမယ်။ "" ဟုတ်ကဲ့ ရှင့်။ "
ဒေါ်နီလာ ကော်ဖီဆိုင် မန်နေဂျာမလေးနဲ့ပြောပြီး... တူသားလေး အဂ္ဂကို အိပ်ခန်းရှိရာ အပေါ်ထပ်ကို တက်သွားလိုက်သည်။
" ကျွီး!...၊ဟင်!... အန်တီ။ "
လကလေး စီနီယာ ကို သန့်ရှင်းရေးလုပ်ပေး
နေချိန်... အခန်းတံခါးဖွင့်သံကြောင့်၊အခန်းဝ
ဆီကို လှည့်ကြည့်လိုက်တော့... စီနီယာရဲ့ အန်တီ ဖြစ်နေသည်။