နှလုံးသားထက် က နှောင်ကြိုးမျှင်
အခန်း (၃)
" ပ နိုင်ငံခြားမှာရှိနေတာ မဟုတ်လား "
" အလုပ်နည်းနည်းပါးလို့ မနေ့က လေယာဥ်နဲ့ ခဏပြန်လာတာ။အိမ်မှာ ပြဿနာ နည်းနည်းလေးရှိလို့ ညနေ လေယာဥ်နဲ့ပြန်သွားဖို့ လုပ်ထားတယ်။မသွားခင် ကို့ကိုတွေ့ချင်လို့ ဖုန်းဆက်ခေါ်လိုက်တာ "
" ညနေ ပြန်သွားမှာဆိုတော့ ကိုယ် ပ,ကို
အရေးတကြီး ပြောစရာရှိတယ် "" အင်း ပြောလေ ကို "
" ကိုယ် နောက်သုံးလေးရက်အတွင်းမှာ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပွဲ လုပ်ရလိမ့်မယ်။အဲ့တာကလည်း ကိုယ်တို့ နီးစပ်ဖို့အတွက်ပါ "
" နေ... နေပါဦး ကို, ပတို့နီးစပ်ဖို့အတွက် ကိုက တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်မယ်ဆိုတာက ဘာစကားလဲ။မဟုတ်မှ ကို ပ,ကွယ်ရာမှာ နောက်တစ်ယောက်ထားခဲ့တာလား "
" ဟာ.. ပ,ကလည်း ကိုယ့်ကို ပွေရှုပ်တဲ့ လူလို့
ထင်နေတာလားကွာ "" အဲ့တာဆို ဘာလို့ ပ,မဟုတ်တဲ့ တခြားမိန်းကလေး နဲ့ ယူဖို့လုပ်နေရတာလဲ။ပြောလေ.. "
" ကိုယ် ပြောပြတာလေးကို အရင်နားထောင်
ပေးပါ ပ။ပြီးမှ စိတ်ဆိုး ဒေါသဖြစ်ချင်ရင် ဖြစ်ပါ ""................... "
နောင့်,ကို ဘာစကားမပြောပဲနဲ့ ကြည့်သာကြည့်နေတဲ့ ချစ်သူပ,ရဲ့မျက်ဝန်းတွေနှင့် အကြည့်စုံလိုက်သည်။
စားပွဲပေါ်မှာတင်ထားတဲ့ ချစ်သူရဲ့လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး....
" ကိုယ့်ကို ဘွားဘွားက အိမ်ထောင်ချပေးဖို့လုပ်တယ်။အရင်အခါတွေက ငြင်းလို့ရခဲ့တယ်။အခုအခါကတော့ ငြင်းလို့မရတဲ့အပြင် မြေးအဘွားသံယောဇဥ်ကိုပါ ဖြတ်တောက်ဖို့ လုပ်လာတယ်။မတတ်သာတဲ့အဆုံး ကိုယ် ဘွားဘွားကို အလျှော့
ပေးခဲ့ရတယ်။ဘွားဘွား ကျေနပ်အောင် သူပေးစားတဲ့ သူနဲ့ လက်ထပ်ပါ့မယ်လို့ လက်ခံလိုက်တယ်။တကယ်က အဲ့မိန်းကလေးနဲ့ ကိုယ်က ဟန်ဆောင်လက်ထပ်မှာပါ။ပ,အေဂျင်စီနဲ့နှစ်နှစ်စာချုပ်ပြီး အနုပညာအလုပ်ကနေ အနားယူတာနဲ့ အဲ့မိန်းက လေးနဲ့ ကိုယ်ကကွာရှင်းလိုက်မှာပါ။ပြီးတာ ကိုယ်တို့ လက်ထပ်မယ် "