💕 နှလုံးသားထက် က နှောင်ကြိုးမျှင် 💕
အခန်း (30)
💕💕💕💕💕💕💕💕💕💕💕💕💕💕
" ကားရပ်ပေးပါဆိုတာကို မရပ်မပေးဘဲနဲ့...
ကားကို ဘယ်ဆီမောင်းသွားနေတာလဲ ဦးနောင်တမန်။ "လကလေး ဦးနောင် က ကားကို အိမ်ကိုပြန်နေကျ လမ်းမဟုတ်တဲ့... လမ်းကြောင်းတစ်ခုပေါ်ကို မောင်းနှင်နေတာကြောင့် မေးလိုက်
သည့်အခါ...." အိမ်ကိုပြန်ရင် ဘွားဘွားရှိနေရှိလို့.. ငယ့်
စိတ်ထဲရှိတဲ့အတိုင်း ကိုယ့်အပေါ်မှာ လွတ် လွတ်လပ်လပ် ပေါက်ကွဲလို့ရမှာ မဟုတ်ဘူး။
အဲ့ဒါကြောင့် ငယ် လွတ်လွတ်လပ်လပ်ပေါ
က်ကွဲလို့ရအောင်၊ကိုယ်တစ်ခါတစ်လေ တစ်
ယောက်တည်းသွားနေတက်တဲ့၊ကွန်ဒိုတိုက်
ခန်းကို အခုသွားနေတာ။အဲ့မှာဆိုရင် ငယ်နဲ့
ကိုယ် နှစ်ယောက်တည်းပဲရှိတာမို့လို့.. ငယ်စိတ်တိုင်းကျ ကိုယ့်ကို ပေါက်ကွဲလို့တယ်။ "" ဘယ်သူ့ သဘောနဲ့အခုသွားနေတာလဲ။လ
ကလေး ဦးနောင်တမန် နဲ့ နေမယ်လို့ပြောလို့
လား။ "" ငယ့်ကို ပျော်ရွှင်မှုတွေပဲပေးတော့မယ့်...
ကိုယ့်သဘောနဲ့သွားနေတာ။အဲ့ဒါကြောင့်
ကိုယ်နဲ့မနေချင်လည်းပဲ ငယ်နေရမှာပဲ။ဘာ
လို့ဆိုတော့ ငယ့်ကို အခုကစပြီး ကိုယ့်အချစ်
တွေနဲ့ ချုပ်နှောင်ထားတော့မှာ။ "" ဦးနောင်တမန် ချုပ်နှောင်ထားတိုင်း လက
လေး က နေမယ်များထင်နေလား။ "" မထင်ပါဘူး။ငယ် က ကိုယ့်အနားကနေ အ
ချိန်တိုင်း ထွက်သွားဖို့လုပ်နေတာမို့လို့... အခု
လို ချုပ်နှောင်ထားဖို့လုပ်လိုက်ရတာပဲ။ကိုယ့်
တိုက်ခန်း ရောက်ပြီ.."ဆိုကာ ကားကို လုံခြုံ ရေးဝန်ထမ်းတစ်ယောက်ဖွင့်ပေးတဲ့ ခြံဝန်းတံခါးကနေ.. အဆင့်မြင့်တိုက်ခန်းတွေရှိရာ ခြံအဝန်းထဲကိုမောင်းဝင်လိုက်တဲ့ ဦးနောင်..." ဆင်းရအောင် ငယ်။ကိုယ့် အခန်းက လေး
ဆယ့်ငါးလွှာ အပေါ်ဆုံးထပ်မှာ... "နောင် ကားကိုပါကင်ထိုးပြီး... သူမ ကို ကား
ပေါ်ကဆင်းဖို့ပြောရင်း... သူပါ ကားပေါ်ကဆင်းလိုက်သည်။