💔 နှလုံးသားထက် က နှောင်ကြိုးမျှင် 💔
ဇာတ်သိမ်းပိုင်း အခန်း (41) ပထမပိုင်း
💔💘💔💘💔💘💔💘💔💘💔💘💔💘
" သားလေးရယ် မနက်ကမှ တီလေးတို့နဲ့စက
ားတွေပြီး အိမ်ကနေ အကောင်းတိုင်းထွက်
သွားခဲ့တာလေ။အခုတော့.. ဘာမှမဟုတ်တဲ့ မိန်းကလေးအတွက် ရင်ကိုခွဲ နှလုံးကိုပေးပြီး
အချစ်အတွက်နဲ့ တီလေးတို့ရင်ကိုခွဲသွားရ က်တယ်ပေါ့လေ။တီလေး ဘယ်လိုစိတ်နဲ့ဖြေ
သိမ့်ရပါမလဲ သားလေးရယ်.. "ဦးအဂ္ဂခေါင် သားရဲ့အေးစက်နေတဲ့ ကိုယ်
လေးကိုပွေ့ဖက်ပြီး... ငိုနေတဲ့ အစ်မကိုနှစ်
သိမ့်ပေးချင်ပေမဲ့... နှစ်သိမ့်ပေးနိုင်စွမ်းမရှိပါချေ။ကိုယ်တိုင်လည်း အသက်မဲ့နေပြီဖြစ်
တဲ့ သားလေးကို..တကယ်သေတာရောဟုတ် ရဲ့လား။အမြင်မှားနေတာလားဆိုတဲ့ အတွေး
များနှင့် မယုံကြည်နိုင် မျက်ဝန်းတွေနဲ့ကြည့်
နေသည်။ရင်ထဲမှာလည်း ပူဆွေးမှုတို့က ပင်
လယ်လှိုင်းလုံးကြီးသဖွယ် ဖြစ်လို့နေ၏။" ဟင့်... ဟင့်... ငါဒီတိုင်းမနေနိုင်တော့ဘူး။ငါ့တူသားလေးသေရတာ ဟိုကောင်မလေးကြောင့်ပဲ။ငါ့သားလေးကို သေစေတဲ့ လမင်းငယ်ကို ငါ ဒီတိုင်းမထားဘူး။ဟင့်... ဟင့် "
" အစ်မ ဘယ်သွားမလို့လဲ။အစ်မ နင့် စိတ်ကိုထိန်းစမ်းပါ။ဟိုကအခုထိ ခွဲစိတ်ခန်းထဲမှာပဲရှိသေးတာ။ကောင်မလေးက အရေးပေါ်လူ နာဖြစ်နေတဲ့ အခြေအနေပါ။ကျွန်တော်တို့ ပြဿနာရှာလို့ ကောင်းတဲ့အနေအထား မဟု တ်ဘူး။သူတို့တွေလည်း သူတို့အပူနဲ့ သူတို့ပါ။ပြီးတော့.. သားလေးကမှာခဲ့တဲ့လေ။သူ့နှလုံးသားရှိနေမဲ့ ကောင်မလေးကိုချစ်ပေးဖို့လေ။သားလေးရဲ့နောက်ဆုံးဆန္ဒကို ငါတို့ဖြည့်ပေးကျရအောင် "
ဦးအဂ္ဂခေါင် သားကိုဖက်ငိုနေရင်းက လမင်းငယ်ရှိရာကို သွားဖို့လုပ်နေတဲ့... အစ်မကိုမ
သွားဖို့တားဆီလိုက်သည့်အခါ..." မောင်လေးက သားလေး ဆန္ဒကိုဖြည့်ပေးနိုင်ပေမဲ့၊အစ်မကတော့ သားလေးအသက်ကိုပေးပြီး ဖြည့်ပေးရမယ့်.. ဆန္ဒကိုဖြည့်မပေးနိုင်ဘူး။မောင်လေးက နားလည်ပေးနိုင်ရင်တောင် အစ်မကတော့ နားလည်မပေးနိုင်ဘူး။တစ်ယောက်တည်းရှိတဲ့ အစ်မတို့မျိုးဆ
က်လေးက သူစိမ်းမိန်းကလေးတစ်ယောက်
ကြာင့် မျိုးဆက်ပျက်သုဥ်းသွားရတာ ဘယ်
လောက် ရင်နာဖို့ကောင်းလိုက်သလဲ.. "