💕 နှလုံးသားထက် က နှောင်ကြိုးမျှင်💕
အခန်း (10)
💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑
" ပ ကို ချော့ဖို့တွေထဲက ပထမပစ္စည်းတစ်ခုဆိုတော့... နောက်ထပ် ချော့ဖို့ ပစ္စည်းတွေရောရှိသေးတာလား ကို "
နောင် ချစ်ရည်ရွှန်းလဲ့နေတဲ့ မျက်ဝန်းတွေ နဲ့
သူ့ ကို ကြည့်၍မေးလာသည့် ချစ်သူ အား..." ဒါပေါ့ နောက်ထပ် အစီစဥ်တစ်ခု နဲ့ ချော့မယ့် ပစ္စည်းတစ်ခု ရှိသေးတယ်။ပြီးတော့... ပ
ကို အချိန်ပေးဖို့အတွက် ကိုယ့် အလုပ်တွေကိုလည်း ခဏဖျက်လာတယ်။အဲ့ဒါကြောင့်
ကိုယ် ရောက်နေတဲ့ အချိန်မှာတော့ ပ အလုပ်
တွေကို ခဏ နားထားရမယ်။အိုကေ... "" အင်း.. အိုကေတယ် "
" ဒါဆို ရှုတင်ပြီးတာ နဲ့ နောက်ရက်တွေ နား မယ်ဆိုတာ ဒါရိုက်တာကို တစ်ခါတည်းပြော ခဲ့ ကိုယ် တည်းတဲ့ ဟိုတယ်ကနေ ညစာ စား
ဖို့ စောင့်နေမယ် "" အင်း "
" ချစ်တယ်... "
" ပ ရောပဲ... "
" ကိုယ် သွားပြီ "
" အင်း "
" ဝိုး... ဝိုး တို့ မင်းသမီး က တကယ့်အချစ်ခံ
ကြီးပဲ။အားကျလိုက်တာ။ ရိုလိုက်တာ ဗျာ။
ပ မှာ ချစ်သူရှိမယ်လို့ ထင်မထားဘူး။တွေ့ရ
တော့လဲ တကယ့်ရှော့ ရစရာကြီးပဲ "ပ နဖူးလေးကို နမ်းကာ ကို ပြန်သွားချိန်မှာ
တော့... ဒါရိုက်ကြီး အပါအဝင် ရိုက်ကူးရေး
လုပ်နေတဲ့ လူတော်တော်များဆီ က အံ့သြ
အားကျသံတွေ ဆူညံ့သွား၏။ပလည်းပဲ မ
မျော်လင့်ထားပဲ ရောက်လာတဲ့ ကို့ ကြောင့်
ပျော်သွားရသည် က အတိုင်းထက်အလွန်ပါ။.....'i'
" ကြီးလုံး လကလေး အပြင် ခဏသွားဦးမယ်။အပြန်ကို နည်းနည်းတော့ နောက်ကျ
မယ် "" ဟင်.. မိုးချုပ်နေမှ အပြင်ထပ်ထွက်မလို့လား ကလေး "
" ဟုတ်ကဲ့ ကြီးလုံး။သူငယ်ချင်းတွေ နဲ့ ဆိုင်
ခဏထိုင်မလို့ပါ။အရမ်း ညဥ့်နက်တဲ့အထိ မ
နေပါဘူး။အတက်နိုင်ဆုံး စောစောပြန်လာခဲ့
မှာပါ "