နှလုံးသားထက်က နှောင်​ကြိုးမျှင် part (19)

2.8K 63 3
                                    

💕 နှလုံးသားထက် က နှောင်ကြိုးမျှင်💕

အခန်း (19)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

" ဖေကြီး "

" ဖေကြီးတို့ အိမ်ပြန်ရအောင်။သမီးကို ဖေကြီး လာခေါ်တာ "

" ရှင်.. ဘာ ဘာဖြစ်လို့လဲ ဖေကြီး "

လကလေး တို့ ဧည့်ခန်းကိုရောက်တော့...
ဖေကြီး က ထိုင်နေရာကနေ ထလာပြီး လက
လေး လက်ကိုဆွဲကိုင်သလို၊ဦးနောင်ကလည်
း လကလေး လက်ကိုဆုပ်ကိုင်ထားသည်။

" ဖေကြီး သမီးကို အရှက်တကွဲဖြစ်အောင်
လုပ်တဲ့ သူမျိုးဆီမှာ မထားနိုင်ဘူး။ဖေကြီးတို့မှာ ငွေဂုဏ်မရှိပေမဲ့၊ငွေဂုဏ်နဲ့တူတဲ့ အ ရှက်သိက္ခါတော့ရှိတယ်။ပြီးတော့ အရှက်သိက္ခါထက်တန်ဖိုးကြီးတဲ့ သမီးကို ထိခိုက်နာ ကျင်ရတာမျိုး ဖေကြီးအဖြစ်မခံနိုင်ဘူး။အာ့
ကြောင့် ဖေကြီး နဲ့ အိမ်ကိုပြန်လိုက်ခဲ့ပါ။လာ
သမီး "

" အာ့... အို "

ဖေကြီး က သူ့ စကားဆုံးတော့ လကလေးကို
လက်ကနေ သူ့ဆီကိုဆွဲခေါ်သည်။ဦးနောင်ကလည်း တစ်ဖက်ကနေ လကလေးကို ဖေကြီး ကိုင်ထားတဲ့လက်ကနေ ပြန်ဆွဲယူပြီး၊သူ့
ရင်ခွင်ထဲမှာ လကလေးကို မျက်နှာအပ်ရပ်လေးဖြစ်သွားတဲ့အထိ သိမ်းဖက်လိုက်သည်
။ထိုနောက်တော့....

" ကျွန်တော့် ဇနီး ငယ့်ကို ဦးဆီ ပြန်ထည့်မပေးနိုင်ပါဘူး "

" ငါ့သမီးကို အရှက်သိက္ခါကျဆင်းအောင်
လုပ်ပြီး၊ပြန်မထည့်မပေးနိုင်ဘူးဆိုတာက ဘာသဘောလဲ မောင်ရင် "

" ငယ် ကျသွားတဲ့ ဂုဏ်သိက္ခါအတွက် မနက်
ဖြန်မှာ ကျွန်တော် သတင်းစာရှင်းလင်းပွဲလုပ်
မှာပါ။ငယ် ကျသွားရတဲ့ ဂုဏ်သိက္ခအတွက်
ပါ "

" မင်းဘာသာ သတင်းစာရှင်းပွဲပဲလုပ်လုပ်
မလုပ်လုပ် ငါမသိဘူး။ငါ သိတာက မိန်းမရှိ
ရဲ့သားနဲ့ နောက်တစ်ယောက်ဖောက်ပြန်နေတဲ့ မင်းဆီ ငါ့သမီးကို မပေးနိုင်တော့ဘူး။အ
ခုပဲပြန် ခေါ်သွားမယ်။လာခဲ့ သမီး "

" ကျွန်တော် တောင်းပန်ပါတယ် ဦးလေး "

" ဟင်... အို ဦးနောင် " ရုတ်တရပ်ကြီး မထင်
မှတ်ထားတဲ့ လုပ်ရပ်ကို လုပ်လိုက်တဲ့ ဦးနော
င်ကြောင့် လကလေး နဲ့ ဖေကြီး အံ့သြသွားကြသည်။အဲ့ဒါကတော့ ဖေကြီးရှေ့မှာ ဦးနောင် က ဒူးထောက်ထိုင်ချလိုက်တာပါပဲ။

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedTempat cerita menjadi hidup. Temukan sekarang