💕နှလုံးသားထက် က နှောင်ကြိုးမျှင် 💕
အခန်း (35)
💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑
" ကေသီ လမင်းငယ်ရောလို့ ငါ မေးနေတယ်
လေ။ဘာလို့ မဖြေတာလဲ။ "အဂ္ဂ သူမေးနေတာကို မဖြေဘဲ... ခေါင်းငုံ့ရပ်
နေတဲ့ ကေသီကို စိတ်မရှည်စွာဖြင့်.. ထပ်မေး
လိုက်သည်။ကေသီ ဘယ်လိုဖြေရမှန်းမသိဖြစ်နေချိန်...
စီနီယာက လေသံမာမာနဲ့ထပ်မေးလာတာမို့..
လကလေး မလာတော့ဘူးဆိုတာ ဖြေလိုက်ရတော့သည်။" လကလေး ဆိုင်ကိုမလာတော့ဘူး စီနီယာ။ "
" ဘာ!.. လမင်းငယ် က ဆိုင်ကို မလာတော့
ဘူး။ဘာလို့တဲ့လဲ။ဘာလို့မလာတော့တာလဲ
ကေသီ။ငါ့ကို ပြောစမ်းပါ။လမင်းငယ် က ဘာလို့ ဆိုင်ကိုမလာတော့တာလဲ။ "ကေသီပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး... အရူးတပိုင်းနှယ်မေးနေတဲ့ စီနီယာအဖြစ်ကိုကြည့်
ပြီး.. စိတ်မကောင်းဖြစ်ရပြီး သနားလည်းသနားမိပါ၏။ထို့နောက်..." လကလေး ဆိုင်ကိုမလာတာ ဘာလို့လဲဆို
တာ ကေသီမသိဘူး စိီနီယာ။ "" နင်လည်း မသိဘူးပေါ့။" ဆိုပြီး ကေသီပခုံးပေါ်ကလက်နှစ်ဖက်က အားမရှိတော့သလိုလျော့ကျသွားပြီး...
" ဦးနောင်တမန် ကို ငါ ထိုးလိုက်မိတာကို၊
လမင်းငယ် က အခုထိ ငါ့အပေါ်မှာ စိတ်ဆိုးမပြေသေးဘူးထင်တယ်။အဲ့နေ့က ငါအရမ်း
လွန်သွားတယ်ထင်တယ်။ငါ လမင်းငယ် ကို
တောင်းပန်ရမလား။လမင်းငယ် စိတ်ဆိုးပြေ
အောင် ငါ ဘာလုပ်ရင်ရမလဲ ကေသီ။ "" စီနီယာ ဘာမှမလုပ်ပါနဲ့။ဘာမှမလုပ်တာ က စီနီယာ နဲ့ လကလေးအတွက် အကောင်း
ဆုံးပါပဲ။ "" ဘာမှမလုပ်တာက ဘာလို့ အကောင်းဆုံး
ဖြစ်ရတာလဲ။ကေသီ နင် လမင်းငယ် ဆိုင်ကို
မလာတဲ့ အကြောင်းအရင်းက်ိုသိတယ်မလာ
း။နင် သိတယ်မလား။ဘာလဲဆိုတာ ငါ့ကို
ပြောပြစမ်းပါ။ "နောက်ထက်တစ်ကြိမ် ကေသီပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး မေးလာတဲ့ စီနီယာကြောင့်... ကေသီ ပင့်သက်လေးကို မသက်မသာနဲ့ ရှိုက်လိုက်ပြီး... သနားစရာကောင်းနေတဲ့ စီနီယာ
မျက်ဝန်းတွေနဲ့ အကြည့်စုံလိုက်ပြီး....