💔 နှလုံးသားထက် က နှောင်ကြိုးမျှင် 💔
အခန်း (42) ဇာတ်သိမ်းပိုင်း
💔💘💔💘💔💘💔💘💔💘💔💘💔💘
" အင်း... အင်း... အင်း... "
" ငယ်.. ငယ် သတိရလာပြီ၊အဘွား.. ဖေကြီး
ငယ် သတိရလာပြီ.. "နောင် ငယ်ဘေးနားမှာ ထိုင်နေချိန် အော်ငြီး
ပြီး ခြေလက်လေးက ရုန်းကန်လှုပ်ရှားလာ
တာမို့... သူနဲ့ သိပ်မဝေးတဲ့ နေရာမှာ ထိုင်နေ
ယောက္ခမနဲ့ အဘွားကိုခေါ်လိုက်တယ်။လူ ကြီးနှစ်ယောက်လုံးလည်း ငယ်အနားကို အ
ပြေးအလွှားရောက်လာကျသည်။" မြေးမလေး သတိရလာပြီ.. "
" သမီး သတိရပြီလား.. "
လကလေး အိပ်မက်ထဲမှာ စီနီယာပျောက်ကွ
ယ်သွားလို့... ငိုရှိုက်ရင်းကနေ မျက်လုံးပွင့်
လာတော့...ဖေကြီး ဦးနောင်နဲ့ အဘွားတို့က လကလေး
ကို ဝိုင်းကြည့်နေကျသည်။" ဖေကြီး.. "
ဦးသက်ခိုင် သူ့အား ဖျော့တော့တိုးသဲ့သော
အသံလေးနဲ့ ခေါ်တဲ့.. သမီးရဲ့လက်ကလေး
တစ်ဖက်ကိုဆုပ်ကိုပြီး..." သမီးလေး... "
" လကလေး အခု ဘယ်ရောက်နေတာလဲ ဟင်.. "
" သမီးက အခု ဆေးရုံမှာလေကွယ် "
" ဆေးရုံ လကလေး ဘာလို့ ဆေးရုံရောက်နေရတာလဲ ဖေကြီး.. "
လကလေး စိတ်နဲ့ခန္ဓာကိုယ်မှာ ဘာဖြစ်လို့
ဖြစ်နေမှန်း မသိတာမို့.. ဖေကြိီးကို မေးလိုက်
သည့်အခါ... ဦးနောင်က ဖေကြီးအစား ဝင်
ဖြေသည်။" ငယ် ကားအက်စီးဒင့်ဖြစ်လို့ ဆေးရုံလာရင်
းကနေ၊နှလုံးပါအစားထိုးလို့ ဆေးရုံတက် နေရတာ။အခု သတိရပြီဆိုတော့... မကြာခင် ဆေးကနေ ဆင်းရတော့မှာပါ "" နှလုံးအစားထိုးတယ်။လကလေးက ဘယ်
သူ့နှလုံးကို အစားထိုးအဖြစ်၊လက်ခံထားတာလဲ ဟင်.. "ငယ်အမေးကို ဖြေဖို့ရာ သူ့မှာ အကျပ်ရိုက်
သွားရသည်။ဒါကို သိတဲ့ အဘွား က သွက်
လက်စွာနဲ့ ဝင်ဖြေပေးသည်။" နယ်ဘက်က အလှူရှင်တစ်ယောက်နဲ့ ချိတ်
မိသွားတာ မြေးရဲ့..၊ဆရာဝန်က ပြောတယ် မြေးမလေးမှာ အသက်အန္တရာယ် ဘာမှမရှိတော့ဘူးတဲ့လေ။အဘွားတို့မှာ အဲ့စကားကြ
ားတော့.. ဝမ်းသာပြီး ပျော်လိုက်ရတာကွယ်။အခု မြေးမလေးက သတိရလာတော့
အဘွားဖြင့် ပြောမပြတက်အောင် ကို ပျော်
လိုက်တာ.. "