Unicode
( New year အမှတ်တရအပိုင်းသစ်လေး ရေးလိုက်ပါတယ်နော် နှစ်သစ်မှာ အလိုချင်ဆုံးဆုနှစ်ခုရှိတယ်
တစ်ခုက ကျန်းကျယ်ဟန့်ပါ 🥺
နောက်တစ်ခုက သတော်စော်တွေ သော်လေ ကြဖို့ပဲ 🤬 မင်္ဂလာရှိရှိ မစတင်နိုင်တဲ့ နှစ်ပါပဲ )♥️💙♥️💙♥️💙♥️💙♥️💙
ကုန်းကျွင့်သည် ယနေ့ညတွင် မင်္ဂလာတစ်ခုကို တက်ရောက်ရန်ရှိသည်မို့ အနောက်တိုင်းဝတ်စုံကို သားသားနားနားဝတ်စားကာ Beijing Hotel သို့ရောက်လာ၏။
သူသည် ဖိတ်စာကို ယူဆောင်ကာ မင်္ဂလာဆောင် ခန်းမသို့လာခဲ့လေသည်။သတို့သားသည် သူ၏ မိတ်ဆွေဖြစ်ကာ သတို့သမီးမင်းသမီးကမူ ကျန်းကျယ်ဟန့်ထံတွင် hand made ထည်များကို အမြဲပင် မှာယူလေ့ရှိသည့် client ဖြစ်လေသည်။
ထို့ကြောင့် ဒီမင်္ဂလာပွဲသို့ ကျန်းကျယ်ဟန့်လည်း လာရောက်မည်ဖြစ်သည်။
သူတို့နှစ်ယောက်လုံး ဒီပွဲရောက်မှသာ တွေ့ကြရပေမည်။မတွေ့ဖြစ်သည်မှာ နှစ်လခန့်ပင်ရှိနေပြီမို့ သတိရနေမိသည်သာ။
အရင်လို မျက်နှာချင်းဆိုင်အခန်းတွင် နေပြီး သူ့အခန်းသို့ အချိန်မတော် ဗိုက်ဆာတိုင်းဝင်လာတတ်သော သူငယ်ချင်းကိုတော့ ကုန်းကျွင့်လွမ်းနေမိသည်။သူသည် ခန်းမထဲသို့ဝင်လာလျှင် သူ့ကိုမျှော်နေဟန်တူသော ကျန်းကျယ်ဟန့်က သူ့အနားသို့ရောက်လာ၏။
သူလည်းပြုံးပြကာ လက်ဆွဲပြီး ပုခုံးချင်းတိုက်ကာ နှုတ်ဆက်လိုက်သည်။ထို့နောက် သူ့နားနားသို့ကပ်ကာ တိုးတိုးပြော၏။
" ခဏနေ ပါတီကျ ငါသောက်ချင်လို့ မင်းကို မျှော်နေတာ "
" ငါကျတော့ရော "
" ငါသောက်ပါမယ်ဆို မင်းကသောက်ချင်သေးလို့လား "
" မျှမျှတတတွေးတယ်နော် မင်း "
" အဟီး ငါက ငါ့အနား မင်းရှိမှ သောက်ရဲတာလေကွာ ၊ မင်းက ဘယ်ရက်ဖြစ်ဖြစ် သောက်လို့ရတယ်မလား၊ တွေ့တုန်းလေး ငါ့ကို အလိုလိုက်စမ်းပါ "
" သဘောပဲ "
ကုန်းကျွင့်သည် အလိုမလိုက်၍လည်း မဖြစ်သော ထူးဆန်းသည့်အကျင့်တို့ဖြင့် ထိုတစ်ယောက်ကို အလိုလိုက်ရတော့သည်။
ကျန်းကျယ်ဟန့်သည် လက်ထပ်သစ္စာပြုပွဲပြီးသည်နှင့် သောက်ကြစားကြသောအခါ ပျော်ပျော်ရွှင်ရွှင် စိတ်ချလက်ချသောက်ပါတော့သည်။
YOU ARE READING
Red Love Knots ( Uni & Zgyi )