13 ( uni & zgyi )

181 41 14
                                    

Unicode

နောက်နေ့များတွင် ကုန်းကျွင့်သည် ကျန်းကျယ်ဟန့်ကို တည်ငြိမ်သူအဖြစ်သာ မြင်တွေ့ရတော့သည်။ ယခင်ကကဲ့သို့ ရင်းနှီးသည့် သူငယ်ချင်းအဖြစ် ညီအစ်ကိုအဖြစ် မဆက်ဆံတော့ဘဲ သာမန်အသိတစ်ယောက်ကဲ့သို့သာ သူ့ကို ဆက်ဆံနေသည်။
ကုန်းကျွင့်မှာ ရင်နာရသော်လည်း  သူ့မေတ္တာကို ကျန်းကျယ်ဟန့် ခံစားလာနိုင်လိမ့်မည်ဟု ယုံကြည်စွာဖြင့် ရှေ့ဆက်နေမိလေသည်။

ယခုညနေတွင် ကျန်းကျယ်ဟန့်ကို ကြိုရန် ထွက်လာခဲ့၏။
သို့သော် အလုပ်ခန်းတွင်ကျန်းကျယ်ဟန့်ရှိမနေပါ။ လျိုလီနှင့်လိုက်သွားသည်ဟု သိလိုက်ရသည်။
သူသည် နာကျင်သွားသောအပြုံးသဲ့သဲ့ဖြင့် ရှောင်ယွီကိုနှုတ်ဆက်ကာ ပြန်ထွက်လာခဲ့သည်။
ရှောင်ယွီမှာလည်း သူ့ကိုကြည့်ကာ စိတ်မကောင်းဖြစ်နေ၏။ ကုန်းကျွင့်၏ ရင်ထဲမှသံယောဇဉ်တို့ကို ရှောင်ယွီက နားလည်ပုံပေါ်သည်။
ကုန်းကျွင့်မှာ မနေနိုင်စွာပင် ကျန်းကျယ်ဟန့်ထံ ဖုန်းခေါ်လိုက်၏။

" အင်း ကုန်းကျွင့် ပြော "

" ကော ဘယ်မှာလဲ "

" အင်း ငါ လျိုလီရဲ့တိုက်ခန်းမှာ "

" ကျွန်တော်လာကြိုမယ် "

" မလိုဘူးလေ ခဏနေ ပြန်လာတော့မှာ "

" အင်း စောစောပြန်လာနော် ကျွန်တော် ညစာအတူစားဖို့ စောင့်နေမှာ "

"....... မစောင့်နဲ့တော့ ငါ စားပြီးပြီ...... "

ကုန်းကျွင့်သည် လိုင်းကျသွားပြီဖြစ်သော ဖုန်းလေးကိုစိုက်ကြည့်ကာ မျက်ရည်ဝဲ၏။ သူ့ကောသည် သူ့ကိုလျစ်လျူရှုထား၏။ တစ်နည်းအားဖြင့် သူ့ကို လက်လျှော့သွားရန် ကြိုးစားနေသည်။ သူတို့နှစ်ယောက်သည် ရှေ့ဆက်ရန်မဖြစ်နိုင်ကြောင်းကို သက်သေပြနေ၏။ သို့သော် အတိတ်ကို မှတ်မိနေပြီဖြစ်သော ကုန်းကျွင့်သည် စိတ်တွင် ယုံကြည်စွာဖြင့် ဆုံးဖြတ်ချက်ချထား၏။

* ရပါတယ် ဒီဘဝမှာတော့ ကောကို ကျွန်တော်က စောင့်ပါ့မယ် *

ကုန်းကျွင့်သည် အိမ်သို့ရောက်လျှင် အဝတ်အစားတို့ကိုကိုယ်တိုင်လျှော်ရန် စုလိုက်၏။ အဝတ်လျှော်ပြီးလျှင် ညစာချက်ကာ ကျန်းကျယ်ဟန့်ပြန်အလာကို စောင့်နေသည်။
ညကိုးနာရီထိုးသော်လည်း ကျန်းကျယ်ဟန့်ရောက်မလာသေးပေ။
ကုန်းကျွင့်သည် စိတ်ဓာတ်ကျမိကာ ညစာချက်ထားသည်တို့ကို သွန်ပစ်ရန်သာတွေးကာ အောက်ထပ်သို့ဆင်းလာ၏။
ဖုန်းဆက်ကြည့်သော်လည်း ကျန်းကျယ်ဟန့်က ဖုန်းမကိုင်ပေ။ ယခုညကို ပြန်မလာတော့ပြီလား။ သူ့ရင်တို့ ပူလောင်လာရလေပြီ။

Red Love Knots ( Uni & Zgyi )Where stories live. Discover now