10

246 46 29
                                        

Uni & zgyi

‌နောက်နေ့များတွင် ကုန်းကျွင့်သည် ကျန်းကျယ်ဟန့်ကို သိသိသာသာရှောင် နေခဲ့သည်။
ကျန်းကျယ်ဟန့်ကို အစစအရာရာ လုပ်ကိုင်ပေးသော်လည်း ခပ်ဝေးဝေးမှသာစကားပြော၏။
အလုပ်သို့လိုက်ပို့သော်လည်း ကျန်းကျယ်ဟန့်ကို ကားနောက်ခန်းတွင်သာ ထိုင်လိုက်စေသည်။

အကြောင်းမှာ.....

ကျန်းကျယ်ဟန့်၏ ကုန်းကျွင့်ကို အလစ်ချောင်းကာ နှုတ်ခမ်းချင်းထိကပ်ရန်ကြိုးစားနေမှုကြောင့်ပင်။ ' ငါ့ကို နမ်း ' ဟု ပေါ်တင်လည်း တောင်းဆိုတတ်သလို အချို့ညများတွင် ကုန်းကျွင့်အိပ်နေသည်ဟုထင်သည့်အခါ အိပ်ခန်းထဲသို့ ဝင်လာကာ နမ်းရန်ကြိုးစားသည်လည်း ရှိ၏။
ကုန်းကျွင့်က အအိပ်ဆတ်သူမို့
အခန်းတံခါးဖွင့်သည့်အသံကြားသည်နှင့် ကုန်းကျွင့်က နိူးလာပြီးဖြစ်နေ၍သာ တော်တော့သည်။
ထိုအခါ သူ၏အတည်ပြုမည့်ကိစ္စမအောင်မြင်လေ ကျန်းကျယ်ဟန့်တို့က နည်းလမ်းပေါင်းစုံကို သုံးလာလေဖြစ်လေသည်။

ကုန်းကျွင့်ကမူ ကျန်းကျယ်ဟန့်က သူ့ကို ချစ်မိသွားသောကြောင့် နမ်းရန်တောင်းဆိုနေခြင်းမဟုတ်မှန်း သိနေပါသည်။ သို့သော် ' ဘာကြောင့်လဲဟု ' သူမေးတိုင်း ' အတည်ပြုချင်လို့ ' ဟုသာ ပြန်ဖြေကာ ရှင်းမပြသော သူကြောင့် ကုန်းကျွင့်ကလည်း ကျန်းကျယ်ဟန့်ကို သုံးပေအကွာမှသာ စကားပြောသည်။

အနားသို့ အလာမခံ။ ကျန်းကျယ်ဟန့်ကလည်း ကုန်းကျွင့် သူ့ကိုဘာကြောင့်နမ်းမှန်းကို စိတ်မဝင်စားပေ။ မေးလည်းမမေးတော့ဘဲရှိရာ ကုန်းကျွင့်အတင်းနမ်းလိုက်ခြင်းကိစ္စက ကျန်းကျယ်ဟန့်၏ အတည်ပြုချင်လို့ဟူသော စကားနောက်တွင် ပျောက်ကွယ်လုဆဲဆဲဖြစ်သွားတော့သည်။

ယနေ့မနက်လည်း ကုန်းကျွင့်သည် မနက်စောစောထကာ မနက်စာပြင်ဆင်ပြီးနောက် အလုပ်သို့သွားရန် ရေချိုးသန့်စင်ကာ ပြင်ဆင်နေသည်။
သူ့ မန်နေဂျာက သူ့အတွက် ကြော်ငြာအချို့ကိုလက်ခံထားသဖြင့် အလုပ်သို့ စောစောသွားရမည်ဖြစ်လေသည်။

သူသည် ဒီနေ့ ကျန်းကျယ်ဟန့်ကို လိုက်ပို့ပေးရန် အဆင်မပြေတော့ပေ။
ထို့ကြောင့်သူသည် ကျန်းကျယ်ဟန့်အလုပ်သို့သွားရန် ရှောင်ယွီကိုသာ ဖုန်းဆက်၍ လာကြိုခိုင်းထားလိုက်သည်။ ရှောင်ယွီကလည်း ကုန်းကျွင့်၏သဘောအတိုင်းလာကြိုပေးမည်ဟု ပြောလာသော်လည်း မထိတထိစသွားသေးသည်။
မင်းက တာဝန်ကျေတဲ့ အိမ်ထောင်ရှင် ပုံစံဖြစ်နေပြီသိရဲ့လား .. တဲ့

Red Love Knots ( Uni & Zgyi )Where stories live. Discover now