9

231 50 50
                                        

Unicode

ကျန်းကျယ်ဟန့်သည် အလုပ်နားရက်ဖြစ်သည့်အတွက် အိမ်တွင်သာ အနားယူရင်း ကုန်းကျွင့်အကြောင်းကို တွေးနေမိလေသည်။
ကုန်းကျွင့်သည် အခု‌တလောအလွန်ထူးဆန်းနေပါသည်။
သူ့ကို အပို့အကြိုလုပ်နေသည့်အပြင် လျိုလီနှင့်အပြင်ထွက်သည်ကိုလည်း မကြိုက်တော့ပေ။
ပြောရလျှင် သူ့ကို မည်သူနှင့်မျှ အဆက်အသွယ် မလုပ်ဘဲ အိမ်မှာသာ နေစေချင်ပုံပေါ်လေသည်။
သူ့အချိန်များကို အမြဲပင် စစ်ဆေးနေကာ အချိန်ရတိုင်းဖုန်းဆက်နေလေ့ရှိသည်။

စိတ်ညှို့ပညာရှင်ထံသွားရောက်သောအချိန်ကလည်း သူ့အတွက်မဟုတ်ဘဲ ကျန်းကျယ်ဟန့်ကိုသာ စိတ်ညှို့ပညာကိုအသုံးပြုကာ အတိတ်ကိုကြည့်စေသည်။
သို့သော် ကျန်းကျယ်ဟန့်သည် မည်သည့်အတိတ်ဘဝကိုမျှ မမြင်နိုင်ဘဲရှိရာ ကုန်းကျွင့်၏ပုံစံမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားပုံပေါ်လေသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် သူ့ကိုဤသို့ ပြုလုပ်ခိုင်းသည်ကို မသိသော်လည်း သူ့အတိတ်ဘဝကို သူပင်စိတ်မဝင်စားသည်ဖြစ်ရာ ကုန်းကျွင့်က စိတ်ဝင်စားနေခြင်းကို အံ့ဩနေ၏။
ယနေ့လည်း လျိုလီကို အိမ်သို့အလည်မခေါ်ရန် ၊ ဘယ်မှမသွားရန်မှာသွားပြီး ဂရုတစိုက်နေရန် အထပ်ထပ်မှာသွားလေသည်။

ကျန်းကျယ်ဟန့်မှာ ကုန်းကျွင့်က စိတ်မချရသောဘဝကို မည်သည့်အချိန်က ကျရောက်သွားမှန်းမသိပါဘဲ တွေးလေလေ နားမလည်နိုင်လေ ဖြစ်နေရသည်။
ထို့ကြောင့် စိတ်ရှုပ်လာကာ ခေါင်းမှ ဆံပင်ရှည်တို့ကိုသာ ထိုးဖွလိုက်မိတော့သည်။

ထိုသို့ပျင်းရိစွာထိုင်နေမိချိန်တွင် အိမ်ရှေ့တံခါးဆီမှ bell သံကြောင့် သူထထွက်လာခဲ့သည်။
ကုန်းကျွင့်ပြန်လာခြင်းဖြစ်မည်ဟု တွေးမိကာ ခြံတံခါးကို ဖွင့်လိုက်၏

သို့သော်

" Surprise ! "

" ဟင် ! "

သူ့ရှေ့တွင် မြင်နေရသည်ကား ရှဲ့ဝမ် ဖြစ်လေသည်။
သူ့အိမ်လိပ်စာကို မည်သို့ သိရှိလာပြန်သည် မသိ ။ ရောက်လာပြန်ပါသည်။
ကျန်းကျယ်ဟန့်သည် ရှဲ့ဝမ်ကို အိမ်ထဲသို့ အဝင်မခံဘဲ သူကသာ ခြံတံခါး၏အပြင်သို့ ထွက်ရပ်လိုက်သည်။

Red Love Knots ( Uni & Zgyi )Where stories live. Discover now