Unicode
ကျန်းကျယ်ဟန့်နှင့် ကုန်းကျွင့်တို့သည် အိမ်အသစ်သို့ရောက်ပြီး တစ်ပတ်ကြာပြီးနောက် ထိုအိမ်အသစ်တွင် အသားကျလာပြီဟု ဆိုနိုင်လေသည်။
သို့သော်လည်း သူတို့သည် အိမ်ပြန်ချိန်တို့ကိုညှိကာ တစ်ချိန်ထဲရောက်အောင်ပြန်ကြသည်။
မဟုတ်လျှင် ထိုအိမ်အသစ်တွင် တစ်ယောက်ထဲနေရသည်မှာ ပျင်းစရာကောင်းသည်ဟု ယူဆကြသည်။ထိုနှစ်ထပ်အိမ်သည် မိသားစုတစ်ခုအတွက် ကြီးသည်ဟုမဆိုနိုင်သော်လည်း သူတို့နှစ်ယောက်ထဲအတွက်မူ ကြီးလွန်းသည်ဟု ဆိုနိုင်လေသည်။
ထို့ကြောင့် ကုန်းကျွင့်က အောက်ထပ်တွင် သူ့အတွက် gym ကစားရန် အခန်းကျယ်တစ်ခန်းကိုပြင်ဆင်ကာ အားကစားပစ္စည်းများ ဝယ်ထည့်ထားလေသည်။
ထိုအခန်းသို့ ကျန်းကျယ်ဟန့်ကလည်း တစ်ခါတရံဝင်ကစား၏။အပေါ်ထပ်တွင်မူ သူတို့နှစ်ယောက်၏ အိပ်ခန်းများရှိနေကာ နှစ်ယောက်ခန်းတစ်ခန်းကိုလည်း ပြင်ဆင်ထားလေသည်။
သူတို့၏မိဘများလာလျှင် ဟန်ဆောင်ပြနိုင်ရန်ဖြစ်လေသည်။ယနေ့ကျန်းကျယ်ဟန့်ရောက်လာချိန်တွင်မူ ကုန်းကျွင့်ကရောက်မလာသေးပါ။ ထို့ကြောင့် ကျန်းကျယ်ဟန့်သည် ညစာကို မှာစားလိုက်ပြီး ကုန်းကျွင့်ထံ message ပို့ကာ ပြန်လာရန်ပြော၏။
ကုန်းကျွင့်ကမူ ထို message ကို seen ပင်မပြဘဲ ရှိနေရာ ကျန်းကျယ်ဟန့်သည် တစ်ယောက်ထဲ စိတ်တိုနေလေသည်။" ဒီကောင် ပြန်လာကြည့် တွေ့မယ် '"
သူတို့အဖြစ်သည် ရယ်စရာပင်ဖြစ်နေလေသည်။ မိဘများ၏ အိပ်မက်ဟူသောအူကြောင်ကြောင်အကြောင်းအရာကိုမူတည်၍ လက်ထပ်ခဲ့ကြရသည်။
သူငယ်ချင်းများဖြစ်သည့်အပြင် ယောက်ျားလေးများလည်း ဖြစ်ကြသည်မို့ ချစ်မြတ်နိုးရန်မလွယ်ပေ။
သံယောဇဉ်ရှိကြသော်လည်း သူတို့သည် guys များ မဟုတ်ကြဟု သူတို့ကိုယ်သူတို့ လက်ခံယုံကြည်ထားဆဲဖြစ်ကြသည်။ကျန်းကျယ်ဟန့်သည် ညစာစားပြီးချိန်အထိ ကုန်းကျွင့်ရောက်မလာသောအခါ အိပ်ခန်းသို့ဝင်ကာ အိပ်စက်လိုက်တော့သည်။ အိမ်ပြန်နောက်ကျသော ကုန်းကျွင့်ကိုမူ မနက်မှသာ ရစ်တော့မည်ဟု တွေးကာ အိပ်စက်လိုက်တော့သည်။
YOU ARE READING
Red Love Knots ( Uni & Zgyi )