part 2

301 59 77
                                    

Unicode

( ကျန်းမားမားစာဖတ်ပြီး ဆို့နင့်‌ ကြေကွဲနေရတယ်😭😭😭
ဒါပေမယ့် not love but not hate မှာ မှန်အောင် ခန့်မှန်းနိုင်သွားတဲ့ ဒါဒါလေးကြောင့်🥰🥰 ဒါလေး မup သေးဘူးလို့ တွေးထားတာကနေ အပိုင်းသစ်လေး အပြီးရေးနိုင်အောင် ကြိုးစားပြီး up ပေးလိုက်ပါတယ်နော်
သာသာကတိတည်ပါတယ်နော် )

♥️💙

ကုန်းကျွင့်သည် ယနေ့ studio တွင် အဆိုတော်သစ်လေး ယင်းယင်း နှင့်အတူ သီချင်းသွင်းနေ၏။
သူ့သီချင်းသစ်ကို ဆိုရန် အသံစစ်ဆေးခြင်းလည်းဖြစ်လေသည်။

ကုန်းကျွင့်သည် ထပ်ခါထပ်ခါဆိုစေကာ စိတ်တိုင်းကျသည်အထိ ခိုင်းနေမိလေသည်။
တစ်နာရီခန့်ကြာလျှင် အသံပိုင်းနည်းပညာရှင်က ခဏနားရန်ပြောသဖြင့် ယင်းယင်းက အသံသွင်းသည့်အခန်းမှ ထွက်လာ၏။
ထို့နောက် လက်ဖက်စိမ်းရေနွေးသောက်ကာ အနားယူရင်း သီချင်းကိုပြန်ဖတ်ကာ ခံစားချက်သွင်းရန်ကြိုးစားနေလေသည်။

ယင်းယင်းသည် တက်သစ်စအဆိုတော်ဖြစ်ရာ အောင်မြင်အောင်ကြိုးစားရန် လိုအပ်နေသေးသည်။ တေးရေးဆရာ ကုန်းကျွင့်၏ သီချင်းများကို ဆိုသူတိုင်းနီးပါးသည် နာမည်ကြီးကြသည်ချည်းဖြစ်ကာ သူသည်လည်း ကုန်းကျွင့်ထံတွင် သီချင်းရေးပေးရန် တောင်းဆိုခဲ့၏။

သို့သော် သီချင်းကို အသံစစ်ပြီးမှသာ ဆိုခွင့်ပြုမည်ဟု အကြောင်းပြန်လာသဖြင့် သူမသည် အပြေးအလွှားပင်လာခဲ့ရလေသည်။

ယခုမှပင် ကုန်းကျွင့်၏ သီချင်းကို ဆိုသူတိုင်း နာမည်ကြီးရခြင်း၏ အကြောင်းအရင်းကို နားလည်လေသည်။
အသံနှင့်မကိုက်လျှင် ခံစားချက်အံဝင်ခွင်ကျမဖြစ်လျှင် ဆိုခွင့်မပြုသော ကုန်းကျွင့်၏ တင်းကျပ်ပုံကို တွေ့ရလေသည်။

ယခုလည်း သူမအနားသို့ရောက်လာကာ

" ဒုတိယအပိုဒ်အစမှာ လွမ်းနေရတဲ့ခံစားချက်မျိုးနဲ့စရမယ် ၊ ပြန်မလာနိုင်တာကိုသိလျက်နဲ့ မပိုင်ဆိုင်နိုင်တာကိုသိလျက်နဲ့ မစွန့်လွှတ်နိုင်သေးတဲ့ အလွမ်းမျိုး ခံစားပြီးဆိုရမှာ ယင်းယင်းမှာ အဲ့လို လူမျိုးမရှိဘူးလား ထွက်သွားပြီး ပြန်လာစေချင်ပေမယ့် သူက တခြားမှာ ပျော်နေပြီ အခြေကျနေပြီဆိုတာမျိုးပေါ့ "

Red Love Knots ( Uni & Zgyi )Where stories live. Discover now