21 ( uni & zgyi )

202 38 46
                                    

Unicode

ကျန်းကျယ်ဟန့်သည် နောက်တစ်နေ့တွင် ကုန်းကျွင့်နှင့်သီးသန့်တွေ့ဆုံခွင့်ရခဲ့လေသည်။
လုပ်ငန်းလွှဲပြောင်းခြင်း စာရွက်စာတမ်းကိစ္စရပ်များကို အပြီးအစီးလုပ်ဆောင်ပြီးနောက် ကျန်းကျယ်ဟန့်သည် ကုန်းကျွင့်ထံ မဝံ့မရဲခိုးကြည့်ကာ ဆက်ထိုင်နေမိသည်။

ပြန်သင့်ပြီဖြစ်သော်လည်း အမှန်မှာ သူ မပြန်ချင်သေးပေ။ အနားတွင် အချိန်ရသမျှ ဆက်နေချင်နေမိ၏ ။ သူလွမ်းနေခဲ့ရသော ထိုလူသားကို တဝကြီးငေးကြည့်နေချင်သေးသည်။

သူသည် ကတိအတိုင်း ရှဲ့ဝမ်၏နံဘေးတွင် နေထိုင်သွားမည်ဟု ဆုံးဖြတ်ထားသော်လည်း ကုန်းကျွင့်ကိုမူ ရင်ထဲတွင် တိတ်တဆိတ် မြတ်နိူးနေမိသည်။ ထိုကဲ့သို့သော စိတ်နောက်ကိုယ်ပါ မလုပ်နိုင်သည့် သူ့အဖြစ်သည် ရင်နာဖွယ်ကောင်းလွန်းလှ၏။ 

ကုန်းကျွင့်သည်  လက်မှတ်ထိုးထားသော ထိုစာရွက်စာတမ်းများကို စစ်ဆေးပြီးနောက် ကျန်းကျယ်ဟန့်ထံ ကြည့်လာကာ စကားစ၏။

" ခင်ဗျားရဲ့ ဒီလုပ်ငန်းကို ကျွန်တော် ဖျက်သိမ်းပစ်လိုက်တော့မယ် "

" ဟင် ! ဘယ်လို ? "

ကျန်းကျယ်ဟန့်မှာ အထိတ်တလန့် ဖြစ်သွား၏။
ကုန်းကျွင့်သည် သူဝါသနာပါရာအလုပ်ကိုစွန့်လွှတ်ခဲ့ရ၍ ထိုလုပ်ငန်းကိုလုယူခဲ့သည်ဟု နားလည်ပါသည်။
သို့သော် ယခုမူ ကုန်းကျွင့်၏ရည်ရွယ်ချက်က ထိုသို့မဟုတ်ပေ။

သူ့လုပ်ငန်းကိုဖျက်ဆီးပစ်လိုခြင်းဖြစ်သည်။ ထိုလုပ်ငန်းသည် သူ့အတွက် ဘဝတစ်ခုဟုပြောရလောက်သည်အထိ ကြိုးစားထူထောင်ထားရသော လုပ်ငန်းလေးဖြစ်သည်။ သူ့ဝါသနာတို့ကို ရှင်သန်စေရာလည်း ဖြစ်၏။
ကုန်းကျွင့်ကလည်း ထိုအရာကို ကောင်းကောင်းကြီးနားလည်သောကြောင့် ထိုသို့လုပ်ခြင်းဖြစ်ပေလိမ့်မည်။ သို့သော် သူ့အလုပ်မှ ဝန်ထမ်းများအတွက်မူ ထိုသို့မဖြစ်သင့်ပေ။ အလုပ်လက်မဲ့ဖြစ်သွားမည်ကို သူစိုးရိမ်မိပါသည်။

ကျန်းကျယ်ဟန့်သည် ကုန်းကျွင့်က သူ့အပေါ်အမြင်မကြည်သည်ကို နားလည်ထားသဖြင့် ဖြောင်းဖျရန် ဝန်လေးမိသည်။
သူ့လက်အောက်မှ လုပ်ငန်းဖြစ်သွားလျှင် သူ့စိတ်ကြိုက်ဖြစ်စေမည်မှာမှန်သော်လည်း ဖျက်ဆီးပစ်လိုက်သည်အထိတော့ မမျှော်လင့်ခဲ့ပေ။
သူတန်ဖိုးထားသည်ကို ကုန်းကျွင့် မေ့လျော့သွားလေသလား။

Red Love Knots ( Uni & Zgyi )Where stories live. Discover now