Unicode
" Simon မင်း ဘယ်လိုလုပ်မယ်စိတ်ကူးလဲ "
Cathrine က ကုန်းကျွင့်၏သဘောထားကို အရင်မေး၏။ လူမှုရေးပြဿနာဖြစ်ခြင်းကြောင့် ဖြေရှင်းရန်မလွယ်ပေ။ တစ်ဖက်မှ စီစဉ်ထားသူကလည်း သတင်းများမှစ၍ သူ့ကိုသာ လူယုတ်မာအဖြစ်တွန်းပို့ထားပြီး ကျန်းကျယ်ဟန့်နှင့်ရှဲ့ဝမ်တို့ကို နစ်နာသူဖြစ်အောင် ရေးသားဖော်ပြထားသည်။
ပြောရလျှင် ကုန်းကျွင့်ကိုသာ အာရုံစိုက်မိစေရန် ရေးသားသည့်သတင်းမျိုးဖြစ်လေသည်။
အချိန်မီ မဖြေရှင်းနိုင်ပါက သူ့ဘဝသည် သိက္ခာမဲ့စွာအဆုံးသတ်ရပြီး ၊ ရှဲ့ဝမ်သည် အချစ်သူရဲကောင်းဖြစ်ကာ ကျန်းကျယ်ဟန့်ကိုပါ ပိုင်ဆိုင်သွားရလိမ့်မည် ဖြစ်သည်။" ကျွန်တော် သတင်းစာရှင်းလင်းပွဲလုပ်ရင်ရော "
ထိုအခါ ဝမ်ချန်က ဖြစ်လာနိုင်မည့် ပြဿနာများကို ဆွေးနွေးပြ၏။
" သတင်းထောက်တွေက သူဌေးပြောချင်တာထက် သူတို့စီစဉ်ထားတဲ့ မေးခွန်းမျိုးတွေနဲ့ပဲ သူဌေးကို ဒေါသထွက်ပြီး အမှားဖြစ်အောင်လုပ်ကြလိမ့်မယ် ၊ ဒီသတင်းကို စီစဉ်တဲ့သူက သတင်းမီဒီယာတွေအထိ လွမ်းမိုးထားတာမျိုးဆို သတင်းစာရှင်းလင်းပွဲမှာပဲ သူဌေးကို လူမှုရေးဖောက်ပြန်သူအဖြစ် မေးခွန်းတွေနဲ့ တံဆိပ်ကပ်ကြမှာ ၊ ပြီးတော့ သူဌေးပြောပြတဲ့အကြောင်းအရာတွေက စိတ်လောပြီး ကျန်ခဲ့တာမျိုးရှိရင် သူတို့က သူဌေးကို စကားတွေနဲ့ ဒုက္ခထပ်ပေးကြလိမ့်မယ် ၊ တစ်ဖက်ကလည်း သူဌေး သတင်းစာရှင်းလင်းပွဲလုပ်လိမ့်မယ်လို့ တွေးထားမှာပဲသူဌေး ၊ သူတို့ထင်မထားတာနဲ့ တုံ့ပြန်ရင် ပိုကောင်းလိမ့်မယ်ထင်တယ် "
အစည်းအဝေးဟုဆိုသော်လည်း သူတို့သုံးယောက်သာ ။ ဝမ်ချန်ကလည်း ကျန်းကျယ်ဟန့်ကို ပြန်ပို့ပေးပြီးနောက် ချက်ချင်းပြန်ရောက်လာကာ ဝင်ရောက်ဆွေးနွေးပေး၏။ သူ့အမြင်လည်း မှန်သည်ကို ကုန်းကျွင့် လက်ခံပါသည် ။ စကားပြောသည်ဟု ဆိုသည်မှာ ပြည့်စုံရှင်းလင်း၍အမှားနည်းမှသာ လူတိုင်းက လက်ခံလိမ့်မည်။ အခု သူ့စိတ်အခြေအနေသည် ဇာတ်ကြောင်းတစ်ခုလုံးကို ပြည့်စုံစွာပြောပြနိုင်ရန် မလွယ်ပေ။ နာကျည်းဖွယ်အဖြစ်အပျက်များတွင် အပြစ်ကင်းကြောင်းသက်သေများလည်း လိုအပ်၏။ ကိုယ်အကြောင်းကိုယ် ပြန်ပြောရခြင်းသည် ထင်သလောက်မလွယ်ပေ။
![](https://img.wattpad.com/cover/293138165-288-k231770.jpg)
YOU ARE READING
Red Love Knots ( Uni & Zgyi )