Unicode
( မေ့နေကြပြီလား ဟင် 🥺 သာသာက သုံးပုဒ်လုံးစဉ်းစားရင်း ရေးရတော့ ဒါလေးက ကြာတယ် စောင့်နေကြသူတွေရှိရင် ကျေးဇူးပါနော် 🥰 )
💙♥️💙♥️💙♥️
" ကိုယ်အထဲကို မလိုက်ဘူးနော် လျိုလီ "
" အင်းပါ ဟန်ကောရဲ့ လျိုလီ ပဲသွားပါ့မယ် ၊ ကောက အပြင်မှာ ထိုင်စောင့်နေခဲ့နော် "
ဗေဒင်မေးလိုသည်ဟုဆိုကာ နတ်ဆရာမထံ လိုက်ပို့ရခြင်းဖြစ်လေသည်။
ကျန်းကျယ်ဟန့်သည် ဝါသနာမပါသည်ဖြစ်ရာ မျက်နှာလေးရှုံ့မဲ့၍ ညည်းညူနေ၏။
လျိုလီကလည်း ကျန်းကျယ်ဟန့်၏ ပါးကို လက်နှစ်ဖက်ဖြင့်ဆွဲ၍ ပြုံးစေသည်။" ပြုံးပြီးနေပါ ကောရဲ့ ဒီက မေးပြီး ရလဒ်ကောင်းကောင်းလေးရအောင် ၊ အခုတော့ သူရှုံ့မဲ့နေတာနဲ့ မေးရမှာတောင် လန့်နေပြီ "
" အဟီး sorry နော် ၊ ကဲ သွား သွား ကိုယ်အပြင်မှာ စောင့်နေမယ် "
" ဟုတ် ကောကော "
လျိုလီက သူ့ကိုပြုံးပြကာ နတ်ဆရာမ၏အိမ်ထဲသို့ ဝင်သွား၏။
ကျန်းကျယ်ဟန့်လည်း ကားပေါ်တွင် ပျင်းလာသည်မို့ ကားပေါ်မှဆင်းကာ အထဲသို့ဝင်လာခဲ့သည်။နတ်ဆရာမ၏ ဗေဒင်ခန်းသည် ရှေးဟောင်းအိမ်လေးကဲ့သို့ဆောက်ထားကာ ရာဇဝင်ထဲပြန်ရောက်သွားသကဲ့သို့ ခံစားရလေသည်။
ထို့ကြောင့်သူသည် ဟိုဟိုသည်သည် လျှောက်ကြည့်နေမိသည်။
အမိုးချွန်တို့က နန်းဆန်ဆန်လှပနေလျက် နွယ်ပင်စိမ်းတို့က ပန်းများဖူးပွင့်လျက် တွဲလျားကျနေ၏။မေးမြန်းလိုသူတို့သည် အချိန်အလိုက် ကြိုတင်ကာ ရက်ချိန်းပင် ယူရသည့်နေရာဖြစ်လေရာ အလွန်ပင် နာမည်ကြီးပုံပေါ်လေသည်။
ညီအစ်မနှစ်ယောက်လုံး ဟောသည်ဖြစ်ရာ ဧည့်သည်များသည် အချိန်အတိုင်း ရောက်ရှိလာကာ စနစ်တကျ မေးမြန်းကြရ၏။သူသည် ထိုနေရာလေးကို ဝေ့ဝဲကြည့်၍အားရသည်နှင့် အရိပ်ရပင်လေးအောက်ရှိ ခုံတန်းလေးတွင် ဝင်ထိုင်နေလိုက်သည်။
ထို့နောက် ဖုန်းကိုထုတ်ကာ variety show တစ်ခုကို ကြည့်နေလိုက်သည်။
YOU ARE READING
Red Love Knots ( Uni & Zgyi )