Unicode
💝 22.2.21 - 22.2.22 💝
❤️💙Congratulations for SHL 1 year anniversary.....❤️💙
လွှတ်လပ်နေသောစိတ်ကြောင့် လူက ကွင်းပြင်ကျယ်ကြီးထဲတွင် မျှောလွှင့်နေရသည့်အတိုင်း...
စိတ်တို့ ပေါ့ပါးစွာ ပြေးလွှားနေမိသည်။ ရွှေရောင်တောက်နေသော တောရိုင်းမြက်ပင်ရှည်တို့ကြားတွင် သူသည် တစ်စုံတစ်ယောက်ကို ရှာဖွေနေ၏။
သို့သော် မည်သူ့ကို ရှာဖွေနေမိမှန်း သူ့ကိုယ်သူပင်မသိပေ။
အရပ်လေးမျက်နှာသို့ လှည့်ကာ လူသူတစ်ဦးတစ်ယောက်မှမရှိသောပတ်ဝန်းကျင်ကို ကြည့်နေမိသည်။
သူသည် ထိုနေရာတွင် ပိတ်မိနေခြင်းဖြစ်သည်ဟုနားလည်လာချိန်တွင် လွှတ်မြှောက်ရန်ကြိုးစားချင်လာသည်။အားသွန်ခွန်စိုက်ပြေးကာ ရှာဖွေမိသည်က ထိုနေရာမှ ထွက်ခွာနိုင်ရန် တံခါးတစ်ခုခု သို့မဟုတ် ထွက်ပြေးလွှတ်မြောက်ရန် လမ်းတစ်ခုခု။ သို့သော် မည်သည့်အရာကိုမျှ မတွေ့ရဘဲ ထိုမြက်ရိုင်းရှည်များကို ရစ်နွယ်ထားသော ကြိုးနီတစ်ချောင်းကို မြင်လျှင် သူသည် ထိုကြိုးနီကို ဖြတ်ပစ်ရန် စဉ်းစားလိုက်သည်။ သို့သော် သူဤသို့တွေးလိုက်သည်နှင့် သူရောက်နေသောနေရာသည် မြက်ခင်းပြင်ကြီးတစ်ခုမဟုတ်တော့ဘဲ တောနက်ကြီးတစ်ခုဖြစ်သွားကာ ကြောက်မက်ဖွယ်အော်သံများကြောင့် သူပါအော်ဟစ်လိုက်မိသည်။
" အား!!!!!!!"
" ဟင် ! "
သူသည် အိပ်မက်မှလန့်နိူးလျှင် သူ့ကိုယ်သူ အော်လိုက်မိသည်လား မအော်လိုက်ဘူးလားဟုပင် တွေးမရတော့ချေ။
အိပ်ရာပေါ်တွင် ထိုင်လျက်သား ရှိနေ၏။
ထိုအခါ သူသည် မည်သည့်နေရာကို ရောက်နေကြောင်း အတည်ပြုရန် အခန်းကိုကြည့်လိုက်၏။သူ့အခန်းဖြစ်နေသည်မို့ သက်ပြင်းချမိကာ ရှောင်ယွီလိုက်ပို့လိုက်ခြင်းဖြစ်မည်ဟု တွေးလိုက်လေသည်။ ကုန်းကျွင့်ကို ဖုန်းဆက်ဖြစ်လားဟုလည်း သူမမှတ်မိတော့ပေ။ အမူးလွန်နေသောကြောင့် ရှောင်ယွီကသာ သူ့ကို လိုက်ပို့ရခြင်းဖြစ်မည်ဟု တွေးထားလိုက်သည်။
နာရီကိုကြည့်လိုက်လျှင် မနက်နှစ်နာရီမို့ မနက်မှသာ ရှောင်ယွီကို အကြောင်းစုံမေးတော့မည်ဟု တွေးကာ ရေချိုးခန်းသို့ဝင်ရန် ကုတင်ပေါ်မှ ခြေချလိုက်သည်။
![](https://img.wattpad.com/cover/293138165-288-k231770.jpg)
YOU ARE READING
Red Love Knots ( Uni & Zgyi )