20 ( uni & zgyi )

220 45 28
                                    

Unicode

ကျန်းကျယ်ဟန့်သည် ကျန်းမာရေးပြန်ကောင်းလာသည်နှင့် အလုပ်များကို လွှဲပြောင်းရန် စာရွက်စာတမ်းများကို ဥပဒေအရစီစဉ်ကာ ကုန်းကျွင့်ထံသို့ သွားရန်ပြင်၏။
ရှောင်ယွီသည် ကျန်းကျယ်ဟန့်၏ကိုယ်ရေးကိုယ်တာ ကိစ္စအဝဝကို မသိသော်လည်း ယခုကိစ္စကိုမူ ကန့်ကွက်ချင်နေသည်။

သူသည် ကျန်းကျယ်ဟန့်နှင့် အနီးဆုံးတွင် နေလာခဲ့ရသည်မှာမှန်သော်လည်း ကုန်းကျွင့်နှင့်ကွာရှင်းကာ ထွက်သွားပြီးနောက်ပိုင်းကိစ္စရပ်များကို နားမလည်ပေ။
ကျန်းကျယ်ဟန့်သည် ရှဲ့ဝမ်နှင့် အတူတူနေထိုင်ရန်ပြောင်းရွေ့သွားပြီးနောက် မကြာခင်မှာပင် ကုန်းကျွင့်ကလည်း ထွက်သွားခဲ့သည်။

သူသည် ပြိုလဲနေသောကျန်းကျယ်ဟန့်ကို ကူညီရင်း အနားတွင် ဆက်ရှိနေခဲ့သည်။ ကုန်းကျွင့်ကို ကျန်းကျယ်ဟန့်က မည်သည့်အကြောင်းကြောင့် လမ်းခွဲလိုက်မှန်းမသိသော်လည်း မချစ်၍မဟုတ်မှန်း ရှောင်ယွီသိပါသည်။

အကြောင်းမှာ ကျန်းကျယ်ဟန့်သည် ကုန်းကျွင့်မရှိသည့်နှစ်များတွင် မွေးနေ့သို့ရောက်တိုင်း ကုန်းကျွင့်အတွက်ရော သူ့ကိုယ်သူအတွက်ပါ လက်ဆောင်တို့ကို သူကိုယ်တိုင်ပြင်ဆင်သည်။
သူတို့၏ မွေးနေ့များသည် တစ်နေ့ထဲ တစ်ချိန်ထဲဖြစ်ရာ မွေးနေ့အတွက်ရည်ရွယ်၍ ပုံစံတူသိုးမွေးထည်တို့ကို ထိုး‌ထားလေ့ရှိသည်။
ထိုသိုးမွှေးထည်တို့ကို ကျန်းကျယ်ဟန့်၏ အလုပ်ခန်းဘေးမှ သီးသန့်စတိုခန်းတွင် သေသေချာချာသိမ်းဆည်းထားလေသည်။

အချို့သောနေ့ရက်များတွင် ကျန်းကျယ်ဟန့်သည် ထိုစတိုခန်းထဲသို့ဝင်ကာ ထိုအဝတ်အထည်တို့ကို ငေးကြည့်ကာငြိမ်နေလေ့ရှိသည်။
ရှောင်ယွီသည် ကုန်းကျွင့်၏ အဖြစ်ကိုနားမလည်နိုင်စွာမေးမြန်းသော်လည်း ကျန်းကျယ်ဟန့်ကမူ တစ်ခွန်းသာပြန်ဖြေခဲ့သည်။

" မင်း မသိတာပိုကောင်းပါတယ် "
ဟူ၍သာ။

ထို့ကြောင့် ရှောင်ယွီသည် ကျန်းကျယ်ဟန့်၏ အလိုကျ ထပ်မမေးတော့ပေ။

သူသည် အထီးကျန်နေသော ကျန်းကျယ်ဟန့်ကိုသာ တတ်နိုင်သမျှ အဖော်ပြုပေးရင်း ‌စောင့်ရှောက်နေပေးခဲ့သည်။ ကျန်းကျယ်ဟန့်သည် သူခံစားရသမျှကို ဖုံးကွယ်ကာ သူ့လုပ်ငန်းလေးတွင်သာ တစ်ချိန်လုံး အာရုံစိုက်ထားခဲ့ရှာသည်။ ရှောင်ယွီကလည်း ကျန်းကျယ်ဟန့်စိတ်ဖြေသာစေရန် ထိုလုပ်ငန်းလေးကို ကိုယ်ပိုင်အလုပ်ကဲ့သို့ပင် ဂရုစိုက်ပေး၏။ ကျန်းကျယ်ဟန့်ကိုလည်း မိသားစုအရင်းအချာကဲ့သို့ နွေးထွေးပေးခဲ့၏။

Red Love Knots ( Uni & Zgyi )Where stories live. Discover now