24 ( uni & zgyi )

249 47 63
                                    

Unicode

" သူဌေး အရင်က ကိစ္စကို လိုက်စုံစမ်းနေတဲ့သူရှိတယ် "

" ဘာ "

ရှဲ့ဝမ်သည် အနည်းငယ်တုန်လှုပ်သွား၏။
ထို့ကြောင့် လုပ်လက်စအလုပ်များကို ချထားလိုက်ရပြီး သူ့ကိုယ်ရံတော်လုံထံ မော့ကြည့်လိုက်သည်။
ထိုကိုယ်ရံတော်သည် သူ့အနားတွင် တစ်လျှောက်လုံးရှိနေပေးကာထိုကိစ္စအတွက် အဓိက လှုပ်ရှားပေးခဲ့သူဖြစ်လေသည်။ ယခုလည်း ထိုကိစ္စအတွက် လှုပ်ရှားပေးနေဆဲ ဖြစ်၏။

သူသည် လွန်ခဲ့သောနှစ်များက အဖြစ်အပျက်အချို့ကို ပြန်သတိရမိလေသည်။ ထိုအဖြစ်အပျက်များတွင် သူသည် ကိုယ်တိုင်ကျူးလွန်ခဲ့ခြင်းမရှိသောပြစ်မှုတစ်ခုတွင် အချိန်ကိုက်စီမံခန့်ခွဲသူ ဖြစ်ခဲ့လေသည်။

ထိုနေ့က သူသည် လျိုလီကိုခေါ်ကာ စကားပြောရန်ကြိုးစားခဲ့၏။
ထို့နောက် သူမထံမှဖုန်းကို တိတ်တဆိတ်ရယူကာ သူမပြန်သွားပြီးနောက် ကုန်းကျွင့်ထံ စာပို့ခဲ့သည်။ သူမကို လာရောက်တွေ့ဆုံရန်ဖြစ်လေသည်။

ထိုအခါ ကုန်းကျွင့်ကလည်း သူလာရောက်မည့်အကြောင်း အကြောင်းပြန်လာသဖြင့် သူသည် ထောင်မှထွက်လာသော လျိုလီ၏ ရည်းစားဟောင်းကို ခေါ်ထုတ်လာခဲ့သည်။

ထိုကောင်လေးမှာ လျိုလီထက်ငယ်ပုံရပြီး အနည်းငယ်ဇွတ်တရွတ်နိုင်ပုံရလေသည်။
သူသည် လျိုလီ၏အကြောင်းကို စုံစမ်းရင်း ထိုကောင်လေးရှိကြောင်းသိခဲ့ရကာ ထောင်ကထွက်လာမည့်အကြောင်းကိုပါ သိခဲ့ရသည်။

ထိုကောင်လေးမှာ လျိုလီ၏နောက်သို့ အချိန်ပြည့်နောက်ယောင်ခံလိုက်နေကာ အန္တရာယ်ပြုရန်ကြိုးစားခြင်းကြောင့် ထောင်နှစ်နှစ်ကျသွားခဲ့ရခြင်းဖြစ်လေသည်။
ငွေကြေးပြည့်စုံသော်လည်း နှလုံးသားအားနည်းသူဖြစ်ပြီး အမှားမခံသည့် စရိုက်မျိုးရှိပုံပေါ်လေသည်။
လမ်းခွဲသွားသောမိန်းကလေးကိုသာ အပြစ်ပုံချ၍ သူ၏စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုမူ မေ့နေပုံပေါ်သည်။ ပြင်ဆင်ရန် သတိရပုံမပေါ်ပေ။ ထောင်မှထွက်လာသော်လည်း အခုချိန်ထိ ခွင့်မလွှတ်နိုင်ဟုဆိုကာ ဓားကြိမ်းကြိမ်းနေခဲ့သည်။

Red Love Knots ( Uni & Zgyi )Where stories live. Discover now