Unicode>>>>>
!ဒေါက် ဒေါက် ဒေါက်!
"အင်း ဝင်ခဲ့လေ ဇံကို........"
"မ......ကျွန်တော် အောက်ထပ်ကမီးတွေအကုန်ပိတ်ခဲ့ပြီးပြီနော်.......မ အိပ်ချင်အိပ်လို့ရပြီလို့လာပြောတာ........."
"အခုထိ ရေမချိုးရသေးဘူးလားမင်း........"
"ဟုတ် မ.......ကောင်မလေးနဲ့စကားပြောနေလို့........ဒါနဲ့ မအခန်းမှာရေလာချိုးလို့ရလား......."
"မင်းအခန်းကဘာဖြစ်လို့လဲ........"
"မရဘူးလား.........."
"ရတယ် ချိုးမှာဆိုချိုးတော့......မိုးချုပ်နေပြီ......."
"ဟုတ် မ.........."
ဇံ ရေချိုးပြီးဝတ်မယ့်အဝတ်အစားတွေယူလာလိုက်ကာ မအခန်းထဲကရေချိုးခန်းမှာရေအေးနေအောင်ကို ချိုးပစ်လိုက်သည်။
"မ.......အိပ်ပြီလား........"
"မအိပ်သေးဘူး......."
"ကျွန်တော်တို့ ဒီညလည်းအတူအိပ်မှာမလားမ........."
"အင်း.......ဟာ......ဇံကို အင်္ကျီမဝတ်ပဲဘာလုပ်နေတာလဲ ခုဝတ် ခုဝတ်........."
ဇံကို့ရဲ့အင်္ကျီမပါတဲ့ကိုယ်လုံးကိုမြင်လိုက်ရတာနဲ့ ရေချယ်ကြက်သီးမွှေးညှင်းထသွားမိသည်။ဘာရင်သားမှမရှိတဲ့အပြင် ရင်ဘတ်မှာတက်တူးတွေပါထိုးထားသည်မို့ ယောက်ျားတစ်ယောက်နဲ့ကို တူနေသည်။
"ကျွန်တော် ဒီအတိုင်းအိပ်မှာမ........"
"ဖျားချင်လို့လားမင်း........ရေချိုးပြီးကာစ ဝတ်မှပေါ့........"
"မသိဘူးဗျာ.......အခန်းမီးပိတ်ခဲ့တော့မယ်နော် မ......ကျွန်တော်လာအိပ်တော့မယ်......."
"သဘော........"
ဇံ အင်္ကျီကို ဘေးနားက စားပွဲပေါ်တင်ထားလိုက်ပြီး မရဲ့ဘေးနားလှဲနေလိုက်သည်။
"မ........"
"ဘာလဲ........."
"ဘာလို့ကျွန်တော့်ဘက်မလှည့်တာလဲ........"
"မင်းမှာ အင်္ကျီမှမပါတာ........."
"လရောင်လောက်နဲ့ မမြင်ရပါဘူးမရဲ့......ဒီဘက်လှည့်နော်........"