Unicode>>>>>
"မ ညစာစားရအောင်........."
ဇံ မရဲ့အခန်းတံခါးလေးကိုခေါက်လိုက်ပေမဲ့ ပြန်မထူးသည်မို့ အခန်းထဲဝင်သွားလိုက်သည်။အိပ်ယာပေါ်မှာလဲမရှိသည်မို့ ရေချိုးခန်းနားသွားကြည့်တော့ ရေကျသံတော့ကြားရသည်။ မ ရေချိုးနေတာပဲဆိုတဲ့အတွေးနဲ့ အခန်းတံခါးပြန်ပိတ််မယ်ပြင်လိုက်တော့ ဇံ လက်ကိုရုတ်တရက်လာဆွဲတဲ့လက်ကလေးကြောင့် ဇံပြုံးမိသွားသည်။
"မောင့်ကို ပုန်းနေတာပေါ့လေ ဟုတ်လား........"
"မောင်လိုက်ရှာမယ်သိလို့ပေါ့........."
"မ လိုက်ရှာနေခဲ့မယ်မှန်းလည်းမောင်သိပါတယ် လာ မောင်ခေါ်ချီမယ် ညစာသွားစားရအောင်........."
ရေချယ် မောင့်ကျောပေါ်တက်လိုက်တော့ ကုန်းပိုးခေါ်သွားတာနဲ့ အောက်ထပ်ကိုဆင်းလာလိုက်ကြသည်။ထမင်းစားခန်းထဲရောက်တာနဲ့ မောင်ပြင်ထားတဲ့ညစာကိုကြည့်ပြီး ဗိုက်တောင်ပိုဆာလာသည်။မောင်ပြင်ပေးတဲ့ညစာလေးကိုမစားခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲလေ။
"မောင့်..........."
"ဗျာ.......ဗျ......."
"ခွံ့ကျွေးမယ်မလားဟင်........."
"မောင့်မိန်းမလေးက ခွံ့ကျွေးစေချင်တာလား ဟုတ်လား........."
"ဘယ်သူလဲ မောင့်မိန်းမက.......ဟွန့်........."
"ဟောဒီက ရေချယ်ရိပ်ထင်ဆိုတဲ့မိန်းကလေးပါခင်ဗျ.........အာ မွ........."
ဇံ မရဲ့ပါးလေးကိုနမ်းလိုက်တော့ မ မျက်နှာလေးပြုံးရယ်လာကာ ထိုင်နေရာကနေထလာပြီး ဇံပေါင်ပေါ်လာထိုင်နေတော့သည်။
"မောင့်ပေါင်ပေါ်ထိုင်စားမယ် မောင်ကခွံ့ကျွေး........."
"မောင့်ကိုကျောပေးထားရင် ဘယ်လိုကျွေးမလဲ မ ရဲ့..........."
"ဒါဆိုလည်းနေကွာ မောင်က မ ကိုအရင်လိုမချစ်တော့ဘူး........."
"ဟာ မဟုတ်တာဗျာ.......အရင်ထက်ပိုချစ်ပါတယ် လာ လာ မောင်အဆင်ပြေအောင်ပဲလုပ်ပေးမယ် နော် လာ ပြန်ထိုင်........."
ရေချယ် မောင့်ပေါ်မထိုင်တော့ပဲ ဘေးနားကခုံကိုပဲဆွဲယူကာ မောင့်နားကပ်ထိုင်လိုက်တော့ မောင်က ညစာခွံ့ကျွေးလာတော့သည်။