Unicode>>>>>
"ဇံချီငြိမ်းကို........."
"ဗျာ...…...ဟုတ်ကဲ့ တီချယ်........"
"ဒီနှစ်တော့ ဘွဲ့ရအောင်ယူမယ်မလား........."
"ဟုတ်ကဲ့........."
တီချယ်ရဲ့စကားကြောင့် အတန်းထဲက ကလေးတွေရဲ့ရယ်သံကိုကြားရတာနဲ့ ဇံ နည်းနည်းတော့ ရှက်မိသွားသည်။ဇံ final yearတုန်းက ပထမနှစ်တက်ရတဲ့ကလေးတွေနဲ့ ဒီနှစ်မှာ finalအတန်းလာတူနေပြန်သည်မို့။
"အစ်ကိုဇံချီ.........ညီမတို့နဲ့လာနေလေ......"
"ညီမလေးနာမည်က........"
"သူသူထက်ပိုင်ပါ........."
"ဪ ညီမလေးသူသူ.......ကျေးဇူးပါ အစ်ကိုကျောင်းမတက်တာကြာတော့ အသိမရှိဘူးဖြစ်နေတာ.........."
ဇံ ကလေးတွေနဲ့ပဲ သူငယ်ချင်းလုပ်ကာ ကျောင်းပြန်တက်နေရသည်။သင်ရိုးပြောင်းသွားတဲ့ဘာသာတွေကိုတော့ သူတို့လေးတွေကပဲ ပြန်ရှင်းပြကြရှာသည်မို့ ကျောင်းတက်ရတာနည်းနည်းအဆင်ပြေလာသည်။
"မောင့်............"
"မ.......ပင်ပန်းနေပြီလား အလုပ်လုပ်ရတာ......."
"ပင်ပန်းတယ် ဒါပေမဲ့ မောင့်ကိုတွေ့လိုက်ရတော့ အမောပြေသွားပြီ........"
"ကဲ လာ မောင် ကားမောင်းပေးမယ်........"
မောင် ရေချယ့်ခါးကိုဖက်ကာ ကားတံခါးဖွင့်ပေးလာတာနဲ့ ကားထဲဝင်ထိုင်လိုက်သည်။မောင်ကတော့ ကားမောင်းရင်း ရေဒီယိုကလာတဲ့သီချင်းလေးတွေကို လိုက်ဆိုနေလေရဲ့။
"မောင့်.........."
"အင်း ပြောလေ မ........."
"သဒ္ဒါမွေးနေ့ ဘာလို့မသွားတာလဲ........"
"ဟင် မောင်မသိတာပါ.......မ ရော မသွားဖြစ်လိုက်ဘူးလား.........."
"မောင်သွားတယ်အထင်နဲ့ပေါ့......."
"ဟောဗျာ ဒါဆို သဒ္ဒါ မောင်တို့ကိုစိတ်ကောက်နေတော့မှာပဲ...........ပိတ်ရက်ကျမှ တစ်ခုခုဝယ်ပေးရင်း သွားချော့ကြတာပေါ့........."
"မတို့ သဒ္ဒါလေးကို မွေးစားကြမလား.......ဟင် ........"
မ ပြောလိုက်တဲ့စကားကြောင့် ဇံ ရယ်မိသွားသည်။ဇံ့ထက် လေးနှစ်ပဲငယ်တဲ့ကောင်မလေးကို မ က မွေးစားချင်တယ်တဲ့လား။