Unicode>>>>>
ဇံ နဲ့ မ ဒီတစ်ခါတော့ Actionကားပဲကြည့်ဖြစ်လိုက်ကြသည်။မကတော့ အသီးလေးစားလိုက်၊ကြည့်လိုက်နဲ့ TVပဲငေးနေသည်မို့.......
"မ........"
"အင်း......ပြောလေ........"
"မ မိဘတွေကဘယ်မှာနေတာလဲ........"
"ဩဇီမှာလေ.......ဘာလို့........"
"မကိုသွားတောင်းမလို့........."
"ဟမ်........."
"ဖေဖေ၊မေမေတို့ရဲ့သမီး မကို ကျွန်တော့်ကိုပေးပါ့လား လို့သွားတောင်းချင်လို့........"
"ကြံကြံဖန်ဖန် တွေးနေ မင်းကတော့........"
"မလည်း ကျွန်တော့်ကိုချစ်တယ်မလား......."
"မချစ်ပါဘူး........"
"တကယ်လား........"
ရေချယ် ပေါင်ပေါ် ခေါင်းလာတင်အိပ်နေကာ မျက်နှာငယ်လေးနဲ့လာမေးနေသည်မို့.........
"မင်းမှာကောင်မလေးရှိတယ်လေ မေ့နေလား........"
"မမေ့ပါဘူး.......မ သိလား......ကျွန်တော်စဉ်းစားနေတာ......."
"ဘာကိုလဲ........."
"ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော်လေ မဖြစ်နိုင်ဘူးထင်တယ်.......တစ်ချိန်ချိန်တော့ ပြတ်လောက်တယ်........"
"မပြတ်အောင်နေပေါ့.......ဘာလို့မဖြစ်နိုင်ရမှာလဲ........"
"သူတို့အသိုင်းအဝိုင်းကကြီးတယ်မရဲ့.......ပြီးတော့ ကျွန်တော့်အခြေအနေကို မ သိပါတယ်......အခုတောင် မ ခေါ်ထားပေးလို့လေ......."
"သူကမင်းကိုတကယ်ချစ်တယ်မလားဇံကိုရဲ့.......မင်းလည်းတကယ်ချစ်ရင် ဘယ်အကြောင်းနဲ့မှ ဝေးကြဖို့ မတွေးသင့်ဘူးလေ........"
"အချစ်တစ်ခုတည်းနဲ့ မရဘူးလေမရဲ့......ကျွန်တော် မကိုယုံကြည်လို့ပြောပြတာနော်......ကျွန်တော့်ကောင်မလေးက ခိုးပြေးကြမလား ပြောတယ်........"
"မင်းဘာပြန်ပြောလိုက်လဲ......."
"မဖြစ်နိုင်ဘူးပေါ့မရဲ့........တော်ရုံဆို သူဒီလိုမပြောဘူး......သူ့အိမ်က အတင်းဖိအားပေးနေပုံရလို့ ပြောလာတာထင်တာပဲ........."