အပိုင်း ( ၁၈ )

1.1K 84 4
                                    

Unicode>>>>>

"မြင့်မိုရ် ဂျူးမပြောဘူးလား........ကြားသုံးကြား မဝင်ပါနဲ့ဆိုတာကို........."

"ဟုတ်ပါ့.......နောက်ဆို ဝင်မပါတော့ဘူး......ပြီးရင် သူတို့မဟုတ်တဲ့အတိုင်း ငါကဗီလိန်ကြီးကိုဖြစ်လို့.........."

"မင်းက ဗီလိန်မဟုတ်ဘူး........ဂျက်မ......"

"ခွေးကောင်.......မင်းကိုငါအခဲကြေသေးတာမဟုတ်ဘူး ရန်လာမစနဲ့........."

"စမှာပဲချစ်ရယ်.......စိတ်မဆိုးနဲ့ ကို ချစ်ကိုချစ်တယ်နော် ချစ် ချစ်နော်......."

"ထွီ.....ချစ်လို့မခေါ်စမ်းနဲ့........ကြက်သီးတောင်ထလာပြီ.......ဂျူး.....ကို့ကိုပြန်ချစ်ပေးနော်..........."

"ဘာ..............မြင့်မိုရ် နင်.........ခေတ် လာ သွားနှင့်ရအောင်......."

ဂျူး ခေတ်ကိုခေါ်ပြီး အတန်းဘက်ထွက်သွားသည်မို့ မြင့်မိုရ်ကြောင်တောင်တောင်နဲ့ရပ်ကျန်နေခဲ့တော့သည်။

"ငတုံးကောင်..........လုပ်လိုက်ရင်အဆန်းကြီးမင်းက........လာ သွားမယ် ငါနဲ့ခေတ် ကူပြောပေးမယ်..........."

"အေး......အေးပါ......ဂျူး ငါ့ကိုစိတ်ဆိုးသွားပြီလားမသိဘူး........"

"မဆိုးလောက်ပါဘူးကွာ.......ဂျူးလည်းမင်းအပေါ်သံယောဇဉ်ရှိပါတယ်......သွားမယ် ငတုံးကောင် လာ........."

ဇံတို့အတန်းထဲဝင်လာလိုက်တော့ ဂျူးကခေတ်နဲ့အတူထိုင်နေသည်မို့ ဇံနဲ့မြင့်မိုရ် သူတို့နောက်ခုံမှာ အတူထိုင်လိုက်ရသည်။ခေတ်က မျက်နှာရိပ်မျက်နှာကဲလာပြနေပေမဲ့ ဘာပြောချင်မှန်းမသိတာနဲ့ ပြန်ပဲပြုံးပြနေလိုက်ရသည်။

"ကို့.........ညနေကျ သဲတို့Shopping Mallခဏသွားရအောင်........"

"သဲဝယ်စရာရှိလို့လား........."

"အင်း မနက်ဖြန် သဲအစ်ကိုတို့နဲ့တွေ့ဖို့ချိန်းထားတာလေ........မေ့နေတာလား........"

"မမေ့ပါဘူး.......သဲအစ်ကို့ကို ဘယ်လိုမျက်နှာပြရမလဲမသိလို့........"

"ကို့ရဲ့မျက်နှာချောချောလေးနဲ့ပဲပြပေါ့ ကိုရဲ့......ဟီး.........."

"ဒီကောင်မလေးကတော့လေ.........."

ဇံ ခေတ်နဲ့လမ်းမခွဲဖြစ်ကြောင်း မကိုပြောပြလိုက်ပေမဲ့ မမျက်နှာကဘာမှဖြစ်မသွားပဲ ပုံမှန်အတိုင်းဖြစ်နေသည်မို့ ဇံ ခေတ်နဲ့ပြန်တွဲဖြစ်တာ တစ်ပတ်ပင်ရှိတော့မည်လေ။မနက်ဖြန်တော့ ခေတ် အစ်ကိုနဲ့တွေ့‌ရတော့မည်ပဲ........။

မြေ့ ( Completed )Donde viven las historias. Descúbrelo ahora