Unicode>>>>>
ဇံ မ ပြန်မလာသေးတာနဲ့ အိမ်ရှေ့ထွက်စောင့်နေရင်း ဖုန်းကလိနေလိုက်သည်။နာရီဝက်လောက်နေတော့ ကားမီးရောင်လေးမြင်ရတာနဲ့ မတ်တပ်ထရပ်လိုက်ပြီး ကားအနားကို ပြေးသွားလိုက်သည်။
"မ..........."
"ဇံကို.......ဘာလို့အပြင်ထွက်နေတာလဲ........"
"မကိုစောင့်နေတာလေ......မ တစ်ခုခုများဖြစ်နေလားလို့စိတ်ပူနေတာ........"
"ပူမနေနဲ့........တို့ကိုတံခါးဖွင့်ပေးဦး......ကားသွင်းရဦးမယ်......."
"ကျွန်တော်သွင်းခဲ့လိုက်မယ် မ ........မ အထဲဝင်နားလိုက်ဦး......"
ဇံ ပြောလိုက်တာနဲ့ မ ကားပေါ်ကနေဆင်းလာကာ လူဝင်ဖို့သီးသန့်လုပ်ထားတဲ့ တံခါးပေါက်ကနေ အိမ်အထဲကိုဝင်သွားတော့သည်မို့ ဇံလည်း တံခါးမကြီးဖွင့်လိုက်ကာ ကားသွင်းထားခဲ့လိုက်သည်။
!ဒေါက် ဒေါက် ဒေါက်!
"မ ညစာအဆင်သင့်ဖြစ်ပြီနော်......မ ပြီးရင်ဆင်းလာခဲ့နော်........"
"အင်းအင်း ဇံကို........."
ဇံ့ကို မောင် လို့မခေါ်တော့ပြန်သည်မို့ ဇံဟိုတွေးဒီတွေးနဲ့ လျှောက်တွေးနေလိုက်ရင်း ထမင်းစားပွဲမှာထိုင်ပြီး မ အလာကိုစောင့်နေလိုက်သည်။
"မ.......ဖျားနေသေးလား......."
"တို့ကိုမထိနဲ့ ဇံကို........."
"ဗျာ.......ဟုတ် မ......."
ဇံ့ပါးနဲ့ မရဲ့ပါးကိုကပ်ဖို့လုပ်လိုက်ပေမဲ့ ဇံ့ရင်ဘတ်ကိုတွန်းလွှတ်သည်မို့ အမ်းတမ်းတမ်းဖြစ်သွားကာ မနဲ့အကြည့်ချင်းမဆုံအောင် မျက်နှာလွှဲထားလိုက်မိတော့သည်။
"ဇံကို.........."
"ဟုတ် မ.........."
"မင်းစားလို့ပြီးရင် သွားနားလို့ရပြီနော်.......ဧည့်ခန်းမီးတွေ တို့ပဲပိတ်ခဲ့လိုက်မယ် တို့အလုပ်လုပ်စရာရှိသေးလို့......."
"ဟုတ် မ........ကျွန်တော် စောင့်ပေးမယ်လေ......."
"ရပါတယ် မင်းလည်းကျောင်းတစ်ဖက်နဲ့ပင်ပန်းမှာပေါ့......သွားနားလိုက်ပါ......."