အပိုင်း ( ၁၂ )

1.2K 95 2
                                    

Unicode>>>>>

မ မီးဖိုချောင်ကနေပြေးထွက်သွားတာနဲ့ ဇံလည်း အသားတချို့ယူကာ ကင်ဖို့လုပ်နေလိုက်သည်။ဆော့စ်ပြင်လိုက်ရင်း အသီးအရွက်တွေပါတစ်ခါတည်းကင်နေလိုက်သည်။

"ဇံကို ဘာတွေချက်နေတာလဲ.......အကင်နံ့ရတယ်......."

"အသားကင်နေတာလေ မ........မ ကြိုက်လောက်မယ်ထင်လို့......."

"ဒါဆိုလည်းမြန်မြန်လုပ်.......တို့ဗိုက်ဆာနေပါပြီဆို........"

"ဟုတ်ကဲ့ပါဗျ........."

မ က လောနေတာနဲ့ ဇံလည်း ခပ်သွက်သွက်လုပ်နေလိုက်ရင်း လူက ပြန်တောင်အိုက်လာသည်။

"မ စားလို့ရပါပြီဗျ........"

"အိုကေ........."

ရေချယ် ထမင်းစားခန်းထဲဝင်သွားတော့ ဟင်းပွဲတွေအသင့်ချထားကာ မတ်တပ်ရပ်နေတဲ့ဇံကို့ကိုတွေ့ရသည်မို့ အရင်ဝင်ထိုင်လိုက်သည်။

"လာ ထိုင်လေ......."

"ဟုတ် မ...........စားကြည့်ဦး အရသာကောင်းလားဆိုတာ....."

"အင်း မဆိုးပါဘူး......စားဖြစ်ပါတယ်......."

"ဒီတစ်ခါလည်း စားဖြစ်ရုံပဲလား........ကျွန်တော့်လက်ရာညံ့နေတယ်ထင်တယ်......"

"မညံ့ပါဘူး......တို့ထက်ကောင်းပါတယ်မင်းလက်ရာ......."

"ချီးကျူးတာကျေးဇူးပါမ.........နောက်လည်းအများကြီးချက်ကျွေးပါ့မယ်........ဟဲဟဲ....."

"ဟဲဟဲမနေနဲ့.......မင်းအင်္ကျီလဲဝတ်ချည်......အကုန်လုံးပေါ်နေတာများ ဝတ်နေသေးတယ်......."

"မပေါ်ပါဘူးမကလည်း........အိုက်လို့ဝတ်ထားတာပါ........."

"တို့တောင်အနွေးထည်ထပ်ဝတ်နေရတာကို မင်းကအိုက်နေ........"

"ကဲပါ စားပြီးရင် လဲဝတ်ပေးမယ် ဟုတ်ပြီလား......"

"အင်း.......များများစား.......မင်း ဗလက ကြက်ဥလောက်ပဲရှိတာ........"

"တော်သေးတာပေါ့ ငုံးဥလို့မပြောလို့........"

"သနားလို့ မြှောက်ပြောပေးတာ......တကယ်ကအရိုးချည်းပဲ......."

"ဟာ မနော်.........."

ဇံ နဲ့ မ စကားတပြောပြောနဲ့ပဲ ညစာစားလို့ပြီးသွားသည်။မကတော့ ဧည့်ခန်းထဲမှာTVသွားကြည့်နေသည်မို့ ဇံလည်းပန်းကန်တွေမြန်မြန်ဆေးခဲ့လိုက်ကာ မရဲ့ဘေးနားသွားထိုင်နေလိုက်သည်။

မြေ့ ( Completed )Where stories live. Discover now