အပိုင်း ( ၆ )

1.3K 109 3
                                    

Unicode>>>>>

"ဟို မ........"

"အင်း....အင်း ပြောလေ........"

"မ ဆက်အိပ်ဦးမှာလား........."

"မအိပ်ချင်တော့ပါဘူး......နားတော့နားနေချင်တယ်.......ဇာတ်ကားကြည့်နေရရင်ကောင်းမလားပဲ......."

"ဒါဆို ဧည့်ခန်းမှာနေချင်နေလေ ‌မ......ကျွန်တော် ခေါ်သွားပေးမယ်......."

"မင်းက တော်တော်အားရှိပုံပဲနော်.......တစ်ထစ်ရှိ တို့ကို ချီပိုးနေတော့တာပဲ........"

"မ ခြေထောက်နာနေလို့ချီပေးတာပါဗျ........ပြီးတော့ မ ကိုယ်ကသေးသေးလေးလေ......ကျွန်တော် ကိုင်တောင်ပေါက်နိုင်တယ်.......အဲ......ဆောရီး......."

"ဇံကို........"

"ခင်ဗျာ........."

"ခင်ဗျာမနေနဲ့.......ဧည့်ခန်းပို့ပေး......."

"ဟုတ် မ........"

ဇံ မကိုပွေ့ချီသွားလိုက်ပြီး ဧည့်ခန်းကဆိုဖာခုံရှည်ပေါ်ချပေးရင်း မျက်နှာချင်းနီးကပ်သွားပြန်သည်မို့ မကိုငေးကြည့်မိပြီး ဇံ့ရင်တွေခုန်လာမိပြန်သည်။

"နေ့တိုင်း တို့ကိုကြည့်နေရတာ ကြည့်လို့မဝသေးဘူးလား ဇံကို......."

"ခင်ဗျာ.......ဟုတ် ဟုတ် မ.......ကျွန်တော် နေ့လည်စာဘာချက်ပေးရမလဲ........"

"ချက်မနေနဲ့တော့ တစ်ခုခုမှာစားမယ်......မင်း တို့နဲ့ဇာတ်ကားပဲအတူကြည့်ပေး ဘယ်လိုလဲ......."

"ရ ရပါတယ်မ......ကျွန်တော်စောင်သွားယူပေးမယ်နော်......မ ချမ်းနေတယ်မလား......."

ဇံ မရဲ့ကိုယ်လေးကိုအသာအယာလေးချထားခဲ့လိုက်ပြီး အပေါ်ထပ်ကိုပြေးတက်လာလိုက်သည်။ရင်ခုန်မိတာအပြစ်မဟုတ်ပေမဲ့ ထပ်ချစ်မိသွားရင် အပြစ်ဖြစ်နိုင်သည်မို့ ဇံ ကို့စိတ်ကို ခဏခဏသတိပေးနေရသည်။

"မ ဘာဇာတ်ကားကြည့်မလဲ.........."

"ငိုရတဲ့ကားနဲ့ ဟာသကားတော့ မကြည့်ချင်ဘူးကွာ......မင်းကြိုက်တာတစ်ခုခုဖွင့်လိုက်........"

"ဟုတ် မ........."

ဇံ မကိုစောင်ခြုံပေးခဲ့ပြီးတာနဲ့ ဇာတ်ကားရွေးနေလိုက်ကာ တစ်ပိုင်းတည်းအပြီး ကိုရီးယားကား ရွေးဖွင့်လိုက်သည်။

မြေ့ ( Completed )Tempat cerita menjadi hidup. Temukan sekarang