အပိုင်း ( ၂ )

1.4K 123 1
                                    

Unicode>>>>>

!ဒေါက် ဒေါက် ဒေါက်!

"မမလေး........."

"အေး နီလာ ဝင်လာလိုက်လေ......."

"မမလေး သူက မမလေးခေါ်ခိုင်းထားတဲ့ကလေး ဇံချီငြိမ်းကို........."

"ဪ အေး......ဟုတ်ပြီ ခဏထိုင်ခိုင်းထားလိုက်ပါ.........."

"ငယ်လေး မမလေးနာမည်က ရေချယ်ရိပ်ထင်တဲ့..........မင်းကိုခေါ်ခိုင်းလိုက်တဲ့ MDလေ........"

"ဪ ဟုတ် အစ်မ........."

ဇံ ရင်တထိတ်ထိတ်နဲ့ MDလို့ရေးထားတဲ့ရုံးခန်းထဲဝင်လိုက်ပေမဲ့ မှန်ရှေ့မှာရပ်ကာ နှုတ်ခမ်းနီဆိုးနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ကျောကိုမြင်လိုက်ရသည်။ကြည့်လိုက်ရုံနဲ့တင် သူ့အရှိန်အဝါကိုခံစားသိရသည်မို့ ငြိမ်ငြိမ်လေးထိုင်စောင့်နေလိုက်သည်။

"မင်းက ဇံချီငြိမ်းကို........."

"ဟုတ်ပါတယ် မမလေး........."

"တို့ကိုမမလေးမခေါ်ပါနဲ့ မင်းကတို့ဝန်ထမ်းမှမဟုတ်တာ........"

"ဒါဆို ကျွန်တော်ဘယ်လိုခေါ်ပေး........"

"ထားပါ တို့ မင်းကိုမေးစရာရှိလို့ခေါ်လိုက်တာ........"

"ဟုတ်ကဲ့မေးပါ MD........"

"ဘာ အန်တီ ဟုတ်လား........."

"အန်တီမဟုတ်ပါဘူး MDလို့ခေါ်လိုက်တာပါဗျ......."

ရေချယ် ကို့နားကိုသာအပြစ်တင်မိရင်း ရှက်ကိုးရှက်ကန့်ဖြစ်မိနေတော့သည်။ရေချယ်ပုံစံက တအားများအသက်ကြီးတဲ့ပုံပေါက်နေသလားဆိုတဲ့စိတ်နဲ့လည်း ဗျာများနေမိသည်။သူ့ကိုကြည့်လိုက်တော့လည်း ရေချယ့်ထက်လူကောင်ကနှစ်ဆလောက်ရှိသည်မို့ သူ့အနားသွားရပ်လိုက်တာနဲ့ ရေချယ်သေးသွားသလိုခံစားရသည်။

"ဪ အေး အေးပါ.......တို့ သိချင်တာက မင်းကဦးငြိမ်းကိုရဲ့မြေး ဆို......."

"ဟုတ်ပါတယ်MD........."

"တော် တော်တော့ MDလို့ဆက်မခေါ်နဲ့တော့......ဒီတိုင်း မမ ဖြစ်ဖြစ် တစ်ခုခုခေါ်........"

"ဟုတ်ကဲ့ မ.........."

"ဒီကုမ္ပဏီမှာ မင်းအဘိုးအချိန်အကြာကြီးလုပ်ခဲ့တာ မင်းသိလား........"

မြေ့ ( Completed )Dove le storie prendono vita. Scoprilo ora