Unicode>>>>>
"မမလေး ဒီလိုလုပ်ကြမလား........"
"ဘယ်လိုလဲ နီလာ........"
"ကဲကဲလေးကိုပြောကြည့်မယ်လေ.......မမလေးက နည်းနည်းပါးပါးငိုပြလိုက်ပေါ့ ကဲကဲရှေ့ကို.......ကဲကဲက မမလေးကိုအရမ်းခင်တွယ်တာပဲဟာ သဘောတူပေးလောက်မှာပါ........."
"ဟုတ်ပါ့မလား..........."
"ဟုတ်ပါတယ် ကဲကဲရဲ့ဒရိုင်ဘာဆိုတော့ ကဲကဲကမလိုချင်တော့ဘူးငြင်းလိုက်ရင် ကိုထွဋ်မြတ်ဦးက ဇံကို့ကိုထုတ်မှာပဲလေ......."
"ကောင်းပါ့မလား ဇံကိုသိရင် မမကိုစိတ်ဆိုးမယ်ထင်တယ်........."
"အဲ့ဒါကအကောင်းဆုံးနည်းပဲမမလေးရဲ့........"
"အင်းပါ ဒါဆို မမပြောကြည့်မယ်........."
ရေချယ် ပြုံးလိုက်မိရင်း အိမ်အပြန်လမ်းတစ်လျှောက်လုံး စိတ်တွေတက်ကြွနေမိတော့သည်။ရေချယ်တို့ရဲ့နှစ်ယောက်အိမ်လေးကို မောင်မကြာခင်ပြန်လာတော့မှာပဲ.........။
"ကိုကိုဇံချီ.........."
"အင်း လာလေ သဒ္ဒါ........အစ်ကိုနောက်မကျဘူးနော်........."
"အင်းပါကိုကိုရဲ့.......ဒါနဲ့ ကိုကိုဇံချီကို ညကျရင်မေးစရာတွေရှိသေးတယ်........."
"ဟော ဘာတွေများ မေးမှာပါလိမ့် သိချင်လာပြီ........."
"အခုတော့ သွားရအောင် လာ........ကိုကို့ကိုငမ်းနေကြတာ မလိုချင်ဘူး........"
သဒ္ဒါ ကိုကိုဇံချီလက်ကိုဆွဲပြီး ကားတံခါးဖွင့်ကာ ကားထဲဝင်နေလိုက်သည်။ကိုကိုဇံချီ သဒ္ဒါကို ထိုင်ခုံခါးပတ်ပါ ပတ်ပေးပြီးမှ သူထိုင်မယ့်ဘက်ကိုသွားတော့သည်မို့ လိုက်ကြည့်နေမိသည်။
!တောက်!
"ဟဲ့ ခေတ် ဘယ်လဲ.........."
ဂျူးတားချိန်တောင်မရလိုက်ပါ။လမ်းတစ်ဖက်ကကားဆီကိုအပြေးသွားသည်မို့ အနောက်ကနေပြေးလိုက်သွားလိုက်ရသည်။
"ဟက် ဇံချီ..........."
"ဪ အင်း ခေတ်.........."
ကိုကို ကားတံခါးဖွင့်ဖို့အလုပ် ကောင်မလေးတစ်ယောက် ကိုကိုဇံချီပုခုံးကို ဆွဲလှည့်ကာ စကားပြောတဲ့ပုံက ပုံမှန်မဟုတ်တာနဲ့ သဒ္ဒါကားပေါ်ကဆင်းလာလိုက်ပြီး ကိုကိုဇံချီဘေးနားသွားရပ်နေလိုက်သည်။