Unicode>>>>>
"မင်း မင်းစက်........သား သားညီမလေးလေ........အဟင့်........."
"မာမီ စိတ်ထိန်း.........မာမီ........ဟာ လုပ်ကြပါဦး............"
မင်းစက်တို့ ဆေးရုံရောက်သွားတော့ မာမီကအငိုလွန်းပြီးသတိလစ်သွားသည်မို့ မာမီကိုဆေးချိတ်ထားလိုက်ရသည်။ဒယ်ဒီကတော့ ဖင်မထိုင်နိုင်ပဲ ခွဲစိတ်ခန်းထဲကနေ သဲသဲထွက်အလာကို စောင့်နေသည်။သဲသဲကောင်လေး ဇံချီလည်း သူ့ကြောင့် သူ့ကြောင့်ဖြစ်တာဆိုပြီး ရေချယ်ကိုဖက်ပြီး ငိုနေရှာသည်။တခဏအတွင်း အဖြစ်အပျက်တွေကမြန်လွန်းတာမို့မင်းစက်ဘယ်လိုတောင်လက်ခံရမလဲမသိတော့။
"ဆရာ ဆရာထွက်လာပြီ.........."
ဇံ ငိုနေရင်းကနေ ခွဲခန်းထဲကနေထွက်လာတဲ့ ဒေါက်တာအနားကိုသွားလိုက်တော့ ခေတ်ရဲ့ဒယ်ဒီကို ခေတ်အခြေအနေပြောပြနေသည်။
*ခေါင်းကိုထိထားတာမို့ သတိလက်လွတ်ဖြစ်တာတွေ၊လူတွေကိုမမှတ်မိတော့တာတွေ ဖြစ်နိုင်ချေများပါတယ် အသက်အန္တရာယ်ကနေတော့ လွတ်မြောက်နိုင်ပြီဆိုပေမဲ့ စောင့်ကြည့်ဖို့လိုအပ်ပါသေးတယ်*
"ကျွန်တော်တို့ ဆေးရုံပြောင်းလို့ရနိုင်မလားဒေါက်တာ........."
"အခုအနေအထားနဲ့တော့ ပြောင်းလို့မရပါဘူး.........လူနာကစိတ်ချရတဲ့အနေအထားဖြစ်မှ ကျွန်တော်တို့ပြန်ပြောပေးပါ့မယ် ခွင့်ပြုပါဦး........"
ဇံ မရဲ့ဘေးနားပြန်ထိုင်လိုက်ပြီး ခေတ်ထွက်အလာကိုစောင့်နေလိုက်သည်။အသက်အန္တရာယ်မရှိတော့ဘူးဆိုတာနဲ့တင် ဇံပျော်ရပါပြီ။*ခေတ် သတိရလာရင်တော့ ပိုဂရုစိုက်ပေးပါ့မယ်ခေတ်ရယ်* ဇံ အတွေးတွေမျောလွင့်နေရင်း ခေတ်ကိုတင်လာတဲ့လူနာထရော်လီလေး ထွက်လာတာနဲ့ ထသွားလိုက်သည်။ပတ်တီးတွေနဲ့ဖြစ်နေတဲ့ခေတ်ကိုကြည့်ပြီး စိတ်ကထိန်းမရ မျက်ရည်တွေကျမိနေသည်။
"ငါ့သမီးအနားကို မလာနဲ့ဟေ့ကောင်........."
"ဒယ်ဒီ.......စိတ်လျော့ပါ ညီမလေးသိရင်စိတ်ကောင်းမှာမဟုတ်ဘူး.........."
"မလျော့နိုင်ဘူးမင်းစက်.........ဒီကောင်မို့ အရှက်မရှိ ဒီကိုလာရဲတယ်........ငါ့သမီးတစ်ခုခုဖြစ်လို့ကတော့ မင်းသေဖို့သာပြင်......."