Unicode>>>>>
"ဇံကို........ဇံကို........."
"ဟုတ် မ.......ဘာခိုင်းမလို့လဲ........"
"ဘာမှမခိုင်းဘူး........ထတော့......ခုနစ်နာရီထိုးနေပြီ........"
"ဗျာ.......ဟုတ်လား..........."
ဇံ ဆိုဖာပေါ်ကနေ ကမန်းကတမ်းနဲ့ထလိုက်ပြီး ဖုန်းကိုကြည့်လိုက်ကာ ဇံ့အခန်းထဲအရင်ပြေးတက်သွားလိုက်သည်။မျက်နှာအမြန်သစ်ခဲ့ပြီးတာနဲ့ အောက်ထပ်ကိုဆင်းလာလိုက်တော့ မက မီးဖိုချောင်ထဲရှိနေတာနဲ့ အပြေးသွားလိုက်သည်။
"မ........ကျွန်တော်လုပ်မယ်.......တောင်းပန်တယ်နော်မ......ကျွန်တော်အိပ်ယာထနောက်ကျသွားတာ........."
"ထားပါ.......လာ မနက်စာလာစား.......တို့ပြင်ပြီးပြီ........"
"ဟုတ် မ.......ကျေးဇူးနော်........"
ဇံ မရဲ့ဘေးနားဝင်ထိုင်လိုက်ပြီး မ ပြင်ပေးတဲ့မနက်စာလေးကိုငေးကြည့်ရင်း ပြုံးမိနေသည်။
^မနက်ခင်းလေးအိပ်ယာနိုးရင် နင့်အပြုံးလေးနဲ့အတူနိုးချင်........အလှဆုံးသောမင်းကိုငေးကြည့်ရင်း......နင်ပြင်ပေးတဲ့မနက်စာလေးနဲ့ ငါ့တစ်နေ့တာများကို အစပြုချင်........"
"အစားစားနေရင်း သီချင်းမဆိုနဲ့ ဇံကို........"
"ခင်ဗျာ........ဟုတ် မ........"
ရေချယ့်ကို ဇံကိုတမင်စောင်းဆိုနေတာ သိသည်မို့ ပိတ်ဟောက်လိုက်တော့ ငြိမ်ကျသွားကာ ပြုံးနေလိုက်၊ စားလိုက်နဲ့ လုပ်နေပြန်တော့သည်။
"မ........ရုံးမသွားဘူးလား......."
"ဒီနေ့တစ်ရက်ခွင့်ယူထားတယ်.......သေချာလေးနားချင်လို့........"
"ကျွန်တော်လည်းကျောင်းမသွားတော့ဘူးဒါဆို........."
*အမလေး မလုပ်ပါနဲ့ ကိုဇံချီငြိမ်းကိုရယ် ရှင်နဲ့ကျွန်မ အချိန်အကြာကြီး အတူရှိနေလို့မဖြစ်တာမသိဘူးလား* ။
"ဘာဆိုင်လဲ.......သွားစရာရှိတာသွား........"
"မကအိမ်မှာနေမှာဆို.......ကျွန်တော်လည်းနေပေးမယ်လေ......."
"မလိုဘူး.........ကျောင်းသေချာတက်.......မင်းမြန်မြန်ဘွဲ့ရမှ တို့တစ်ယောက်တည်းအေးဆေးနေရမှာ........"